နာတာရှည် ကျန်းမာရေးပြုစုစောင့်ရှောက်မှု အခမဲ့သင်တန်း ဖွင့်လှစ်မည်

နာတာရှည် ကျန်းမာရေးပြုစုစောင့်ရှောက်မှု အခမဲ့သင်တန်း ဖွင့်လှစ်မည်

သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါသည်များကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု
များ ပေး နိုင်မည့် "နာတာရှည်လူနာပြုစုစောင့်ရှောက်ခြင်း"သင်တန်းကို နာရေးကူညီမှု အသင်း
(ရန်ကုန်)မှ ကြီးမှူး၍ အောက်တိုဘာလအတွင်း အခမဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း နာရေးကူညီမှု
အသင်းမှ သိရသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ(၁၃)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း
ကာလမှာ တစ်လ ခွဲခန့်ကြာမြင့်မည်ဖြစ်ကာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ
ညနေ ၃ နာရီအတွင်း နာရေး ကူညီမှု အသင်း(ရန်ကုန်)မှ ဖွင့်လှစ်ထားသည့် သုခအလင်းပညာ
ဒါနကျောင်းတွင် ဖွင့်လှစ် သင်ကြားမည် ဖြစ်သည်။

အာရှတော်ဝင်ဆေးရုံ၊ ဗဟိုစည်ဆေးရုံနှင့် ပါရမီဆေးရုံတို့မှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များကို
ယင်း ဆေးရုံများမှ ဆရာဝန်များမှ စာတွေ့၊လက်တွေ့နှစ်ခုလုံးဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ
ပညာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ပေးအပ်
မည်ဖြစ်သည်။

"ဒီသင်တန်းကို အလုပ်အကိုင်အခွင့် အလမ်းတွေရရှိနိုင်ဖို့ဖွင့်လှစ်တာပါ။သင်တန်းကို အခမဲ့ဖွင့်
လှစ်မှာပါ။ လူဦးရေကိုတော့ သတ်မှတ်ထားပါတယ်။ သင်တန်းမဖွင့်ခင် လူတွေ့ စစ်ဆေးပြီး
အောင်တဲ့သူတွေကို သင်တန်းပေးမှာပါ။သင်ကြားဖို့လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ပစ္စည်းကိရိယာ
အားလုံးကို သင်တန်းက အကုန်လုံးစီစဉ်ပေးထားပါတယ် " ဟု နာရေးကူညီမှု အသင်း(ရန်ကုန်)မှ
မစိုးစန္ဒာက ပြောသည်။

သင်တန်းတက်ရောက်ရန် လျှောက်ထားသူများအနေဖြင့် အသက် ၂၀ ပြည့်ရမည်ဖြစ်ပြီး တက္က
သိုလ်ဝင်တန်း အောင်နှင့် အထက် ပညာအရည်အချင်းရှိရမည်ဖြစ်ကာ သက်ဆိုင်ရာစာရွက်
စာတမ်းများပါရှိရမည်ဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း
သိရသည်။

"အလုပ်နဲ့ ချိတ်ဆက်ပေးမှာတော့ မဟုတ်ပါဘူး။ လူနာပြုစုစောင့်ရှောက်မှုကို စနစ်တကျ သင်တန်း
ပေးပြီး သင်တန်းဆင်း လက်မှတ်ပေးမှာဆိုတော့ အလုပ်ဝင်တဲ့အခါ အဆင်ပြေမှာပါ။အဓိကက
တော့ ဆည်းဆာရိပ်လို ဘိုးဘွားရိပ်သာတွေအတွက် အဓိက ရည်ရွယ်ပါတယ်" ဟု မစိုးစန္ဒာက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး