အောက်တိုဘာလ၈ရက်နေ့၊ ညနေ၆နာရီ၃၀မိနစ်ခန့်တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်းမတော်
လမ်း၊ သံဈေး ပထမအထပ်ရှိ ကြွေထည်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
"ညနေ ၆နာရီ ၄၀မိနစ်မှာ သတင်းရတယ်။ သတင်းရပြီးမှာ ကျွန်တော်တို့ ကားရောက်တယ်။ ပြီး
တော့ မီးသတ်တယ်။ ရနာရီ ၁၅မိနစ်မှာ ကျွန်တော်တို့ မီးထိန်းနိုင်တယ်။ ရနာရီမိနစ်၂၀မှာ
မီးငြိမ်းနိုင်တယ်။ လောင်တဲ့ ဆိုင်ခန်းကတော့ ဆိုင်ခန်း အခန်း (၁၄)ဖြစ်တယ်" ဟု မီးသတ်
ဦးစီးဌာန၊ အောက်မြန်မာပြည်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်က ပြောသည်။
အဆိုပါ ဆိုင်ခန်းအမှတ် (၁၄)သည် ကြွေထည်ပစ္စည်းများ၊ အလှပန်းအိုးများရောင်းချသည့် ဆိုင်ခန်း
ဖြစ်ပြီး ၆ပေပတ်လည်ကျယ်ဝန်းကာ ကြွေထည်ပစ္စည်းများ ထုတ်ပိုးရာတွင် အသုံးပြုသည့် ဂျပ်ဖာနှင့်
ပါကင်ဘူးများ မီးလောင်ကျွမ်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သံဈေးသည် ယင်းနေ့က နေ့လည် ၁၂နာရီခန့်တွင် နေ့တစ်ဝက်အဖြစ် ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး
မီးလောင်ရခြင်းအကြောင်းရင်းကိုမူ ယခုစိစစ်ဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
"ပထမဦးဆုံး စတွေ့တာကတော့ မီးခိုးတွေ အလိပ်လိုက်တက်လာတာတွေ့လို့ အောက်ဆင်း
လာတယ်။ ပြီးတော့ ကျွန်တော် မီးသတ်ကို ဖုန်းဆက်တယ်။ ခဏနေတော့ မီးသတ်ကားတွေ
ရောက်လာတယ်။ ပြီးတော့ ကျွန်တော် ရေတက်ဖြန်းတယ်။ ခဲတွေနဲ့ မှန်တွေကို ပစ်ခွဲခဲ့ရတယ်။
မီးကအထဲမှာလောင်တာလေ။ အဲဒီဆိုင်က ပန်းကန်တွေ၊ ပန်းအိုးတွေရောင်းတယ်လို့ ပြောတယ်။
ပန်းအိုးတွေ၊ ကြွေထည်တွေကို ကောက်ရိုးနဲ့ထုတ်ပိုးတယ်။ အဲဒါကြောင့် လောင်တာဖြစ်မယ်။
၀ါယာလျှော့လို့တော့ ထင်တာပဲ" ဟု လမ်းမတော်လမ်းတွင် နေထိုင်ပြီး ၀ိုင်းဝန်းမီးငြိမ်းသတ်ရာ
တွင် ပါ၀င်ခဲ့သူတစ်ဦးက မြန်မာတိုင်းမ်သို့ ပြောသည်။
သို့ရာတွင် မီးစတင်လောင်ကျွမ်းချိန်အထိ လျှပ်စစ်မီး ပြတ်တောက်ခြင်းမရှိပဲ မီးလောင်ကျွမ်းပြီး
မိနစ်၁၅ခန့်အကြာမှသာ မြို့နယ်လျှပ်စစ်ရုံးက လျှပ်စစ်ဓာတ်အားဖြတ်တောက်ခဲ့ကြောင်း အခြား
မျက်မြင် သက်သေတစ်ဦးက ပြောသည်။ လမ်းမတော်သံဈေးတွင် မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်
မှုအပြီး အချိန်အနည်းငယ်သာခြား၍ သန်လျင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် နောက်ထပ်
မီးလောင်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သောကြောင့် မီးသတ်ကားများမှာ ယင်းသို့ ပြန်လည်ထွက်ခွာ
သွားခဲ့သည်။

















