ကိုပါကြီးသေဆုံးမှုအတွက် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြပွဲဦးဆောင်သူများ အမှုဖွင့်ခံရ

ကိုပါကြီးသေဆုံးမှုအတွက် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြပွဲဦးဆောင်သူများ အမှုဖွင့်ခံရ

ကိုပါကြီးသေဆုံးမှုအတွက် မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာလ၂၆ရက်နေ့က ဆန္ဒပြပွဲကို
ဦးဆောင်သူများအား ကျောက်တံတားမြို့နယ်ရဲစခန်းက ပုဒ်မ (၁၈)ဖြင့် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း
ယင်းပွဲကို ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ကိုမိုဃ်းသွေးက ပြောသည်။

"သတင်းထောက်တစ်ချို့က ကျွန်တော့်ကို ဖုန်းဆက်လာကြတယ်။ ဒါနဲ့ကျွန်တော်လည်း ကျောက်
တံတားမြို့နယ် ရဲစခန်းကို ဖုန်းဆက်မေးကြည့်တော့ ရဲစခန်းစခန်းမှူးက ဟုတ်တယ်လို့ ပြောတယ်။
နောက်တော့ တရားဝင် အကြောင်းကြားမယ်လို့လည်း ပြောတယ်။ ဒါပေမယ့် အခုအချိန်ထိတော့
တရားဝင်အကြောင်းကြားလာခြင်း မရှိသေးဘူး" ဟု ကိုမိုဃ်းသွေးက ပြောသည်။

ကိုပါကြီးကို စက်တင်ဘာလ၃၀ရက်နေ့က ကျိုက်မရောမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ပြီး
ချုပ်နှောင်ထားစဉ် အောက်တိုဘာလ ၄ရက်နေ့ညပိုင်း၌ အစောင့်တပ်သား၏ သေနတ်ကို လုယူ
ထွက်ပြေးသောကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း တပ်မတော်က အောက်တိုဘာလ
၂၃ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော်၏ ယင်းကဲ့သို့လုပ်ဆောင်ချက်သည် အခြေ
ခံဥပဒေပါ နိုင်ငံသားတစ်ဦး၏ အခြေခံရပိုင်ခွင့်များကို ချိုးဖောက်သည်ဆိုကာ အရပ်ဘက်လူ့အဖွဲ့
အစည်း ၄၆ ဖွဲ့တို့က စုပေါင်းကြေညာချက်ထုတ်ပြန်ပြီး မြို့တော်ခန်းမရှေ့တွင် ကန့်ကွက် ဆန္ဒဖော်
ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် အဖွဲ့တစ်ခုဖွဲ့စည်း၍ ဆောင်ရွက်
သွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့တွင် ပါ၀င်မည့်သူများကို ယနေ့ အောက်တိုဘာလ၂၉ရက်နေ့တွင်
သတင်းစာရှင်းလင်းပွဲပြု လုပ်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး