ရန်ကုန် ၁၆ မြို့နယ်အတွင်း မှုခင်းကျဆင်းရေး အရှိန်ဟုန်မြှင့် ဆောင်ရွက်

ရန်ကုန် ၁၆ မြို့နယ်အတွင်း မှုခင်းကျဆင်းရေး အရှိန်ဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေးအတွက် ခရိုင်လေးခရိုင်အလိုက် တွန်းအားပေး
ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်များအတွင်း ဒုစရိုက်မှုများ ကျူးလွန်သူများနှင့်
ပတ်သက်၍ ပြည်သူလုထုက တိကျခိုင်လုံသည့်သတင်းပေးရန် လိုအပ်နေသည်ဟု အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

"ပြည်သူလူထုကလည်း မိမိတို့့ ပတ်ဝန်းကျင်မှာ ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်ပြီး
မသင်္ကာစရာ တွေ့မိရင် ရဲတပ်ဖွဲ့ကို သတင်းပေးနိုင်ပါတယ်။ ဒုစရိုက်မှုတွေကျူးလွန်ဖို့
လူစုလူဝေးတွေ ဆောင်ရွက်နေတယ်ဆိုရင်လည်း ချက်ချင်းသတင်းပေးဖို့လို့ လိုပါတယ်" ဟု
ရဲမှူးကြီးမြင့်ထွေး က ပြောကြားည်။

မှုခင်းကျဆင်းရေး စီမံချက်ချမှတ်ထားသည့် မြို့နယ် ၁၆ မြို့နယ်အတွင်း နို၀င်ဘာလ ရ ရက်နေ့မှ
၂၄ ရက်နေ့အထိ ဖမ်းဆီးရမိခဲ့သည့် အမှုအခင်းများမှာ ခြေချုပ်မှု ကိုးမှု၊ လောင်းကစားမှု ၂၆ မှု၊
ပြည့်တန်ဆာမှု ၆၆ မှု၊ ရဲအက် ၃၂၉ မှု၊ ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အမှုပေါင်း ၆၃ မှု၊ လက်နက်ပုန်း
ဖမ်းဆီးမှု ၃၀၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၈ မှု၊ ယစ်မျိုးဖမ်းဆီးမှု ၆၃ မှု၊ ဆင်ဆာမဲ့ဖမ်းဆီးမှု
၁၀ မှုတို့ ဖြစ်သည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး