မျဉ်းဝါကြော၌ ကားပျက်နေက ကရိန်းယာဉ်ဖြင့် ရှင်းမည်

မျဉ်းဝါကြော၌ ကားပျက်နေက ကရိန်းယာဉ်ဖြင့် ရှင်းမည်

မျဉ်းဝါဘလောက်တုံးအတွင်း ကားစက်ချို့ ယွင်းပျက်စီးပါက အသင့်ထားရှိသည့် ကရိန်းကားဖြင့်
ဖယ်ရှားပေးမည်ဖြစ်ကာ ကရိန်းအသုံးပြုခကို ယာဉ်ပိုင်ရှင်များက ကျခံရမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီးအမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။

"မျဉ်းဝါလိုင်းဆွဲတာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ဆွဲတာပါ။
အဲဒီမျဉ်းဝါလိုင်းကို မလိုက်နာတဲ့ အတွက်ကြောင့် ရန်ကုန်မြို့တော်စည်ပင်က ဘလောက်တုန်းတွေ
ချခဲ့တာပါ။ မျဉ်းဝါ ဘလောက်တုန်းလိုင်းထဲမှာ ခရီးသည်တင်ယာဉ်၊ ကိုယ်ပိုင်နှင့်အငှားယာဉ်များ
စက်ချို့ ယွင်းမှု ဖြစ်လာခဲ့ရင် ကရိန်းယာဉ်များကို အသင့်စီမံထားရှိထားပါတယ်။ ဒီလိုင်းထဲမှာ
ပျက်သွားတဲ့ ယာဉ်တွေကို လမ်းဘေးပါကင်နေရာကို အချိန်မီတွန်းရွှေ့ပြီးတော့ စက်ပျက်ယာဉ်ကို
ကရိန်းနဲ့ဆွဲမှာ ဖြစ်ပါတယ်"ဟု ၎င်းက ယခုလ ၅ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။

၁၉၆၉ ခုနှစ်မော်တော်ယာဉ် ဥပဒေအရ ယာဉ်ချို့ယွင်းမှု ဖြစ်ပွားပါက ယာဉ်မောင်းသူသည်
လမ်းပေါ်တွင် အခြားယာဉ်များ သွားလာမှု အဆင်ပြေစေရန်အတွက် စက်ပျက်ယာဉ်ကို
လမ်းဘေးသို့ အမြန်ဆုံးရွှေ့ရမည်ဖြစ်သည်။

ထိုသို့ ဖယ်ရှားခြင်း မရှိပါက တာဝန်ရှိသူ၏ အစီစဉ်ဖြင့် ဖယ်ရှားရမည်ဖြစ်ပြီး ကိရိန်းဖြင့်ဆွဲယူပါက
ကုန်ကျစရိတ်ကို ယာဉ်ပိုင်ရှင်က ကျခံရမည်ဟု ဆိုသည်။

မျဉ်းဝါလမ်းယာဉ်ကြောဘေးတွင် ရှိသည့် ယာဉ်ရပ်နားရန် နေရာများကိုလည်း ယာဉ်ကြော
ရှင်းလင်းရေးအတွက် မြို့တော် စည်ပင်သာယာက ဖျက်သိမ်းရန် စီစဉ်လျက် ရှိသလို
မြို့တွင်းမြို့နယ်များတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး(မိုဘိုင်း) အဖွဲ့နှစ်ဖွဲ့ဖြင့် ယာဉ်ကြော
ရှင်းလင်းရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ခရီးသည်တင်ယာဉ်များကို မျဉ်းဝါကြောအတွင်း မောင်းနှင်ရန် နို၀င်ဘာလမှ စတင်
ဆောင်ရွက်ခဲဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး