ပါ၀ါအိပ်ဇောတပ် ယာဉ်များနှင့် ပြိုင်ကားများကို ပိုင်ရှင်ထံ ပြန်ပေး

ပါ၀ါအိပ်ဇောတပ် ယာဉ်များနှင့် ပြိုင်ကားများကို ပိုင်ရှင်ထံ ပြန်ပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များက ဖမ်းဆီးထားသည့် ပြိုင်ကားများနှင့် ပါ၀ါ
အိပ်ဇောတပ်မော်တော်ယာဉ် ၅၁ စီးကို ယခု လ ရ ရက်နေ့တွင် ပိုင်ရှင်များထံ ပြန်ထုတ်ပေးခဲ့ပြီး
ကျန်ယာဉ်များကို ဖမ်းဆီးသည့် ရက်အလိုက် ထပ်မံထုတ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး ၀င်းဗိုလ် က ပြောသည်။

"အခုဖမ်းဆီးထားတဲ့ ကားတွေကို ဖမ်းဆီးတဲ့ နေ့အလိုက် ပြန်လည်ထုတ်ပေးသွားမှာပါ"ဟု ၎င်းက
ပြောကြားခဲ့သည်။

ဖမ်းဆီးသည့် နေ့ရက်မှ တစ်လပြည့်မြောက်သည့် မော်တော်ယာဉ် ၅၁ စီးကို ပါ၀ါအိပ်ဇောများ
ဖြုတ်ယူ သိမ်းဆည်း၍ မူလအိပ်ဇောများ ပြန်လည်တပ်ဆင်စေပြီး ပိုင်ရှင်များထံ ပြန်လည်
ပေးအပ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
မြို့နယ်များအတွင်း ညအချိန်အသံများ ဆူညံစေပြီး အများပြည်သူနှင့် တရားဥပဒေစိုးမိုးရေးကို
ထိခိုက်စေသည်ဟုဆိုကာ ပါ၀ါအိပ်ဇောတပ်ယာဉ်များနှင့် ပြိုင်ကားများကို ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးက စီမံချက်ချမှတ်၍ ဖမ်းဆီးခဲ့ရာ ယခုလ ၁ ရက်နေ့အထိ အစီး ၉၀ ကို ဖမ်းဆီးခဲ့သည်။

ဖမ်းမိခဲ့သည့် ပါ၀ါအိပ်ဇောတပ်ယာဉ် ရ၆ စီးနှင့် ပြိုင်ကား ၁၄ စီးအနက် ၈၈ စီးကို
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိမရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ
ငါးစီးမှာ မှတ်ပုံတင်ထားခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။

ကျန်ကား နှစ်စီးကိုလည်း ဆက်လက်စစ်ဆေးနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး