စည်းကမ်းမဲ့ ရပ်နားယာဉ်များကို လှည့်ကင်းဆိုင်ကယ်များဖြင့် ဖမ်းဆီး အရေးယူနေ

စည်းကမ်းမဲ့ ရပ်နားယာဉ်များကို လှည့်ကင်းဆိုင်ကယ်များဖြင့် ဖမ်းဆီး အရေးယူနေ

ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေသည့် စည်းကမ်းမဲ့ ရပ်နားထားသည့်ယာဉ်များကို
ယာဉ်ထိန်းဆိုင်ကယ်များ အသုံးပြုပြီး ဖမ်းဆီးအရေးယူလျက်ရှိရာ အမှုပေါင်း ၅၀၀ ခန့်ကို
ဖမ်းဆီးအရေးယူခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)က
ဒုတိယရဲမှူးကြီးလင်းထွဋ် က ယခုလ ၁၆ ရက်နေ့၌ ပြောကြားသည်။

"မီးပွိုင့်ကြီးတွေဖြစ်တဲ့ ဘုရင့်နောင်၊ လှည်းတန်း၊ ရှစ်မိုင်၊ တာမွေငါးခွဆုံတွေမှာ ဆိုင်ကယ်
လှည့်ကင်းတွေ ထားပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ကနေ
၁၄ ရက်နေ့အထိကို ဆိုင်ကယ်လှည့်ကင်းနဲ့ ဖမ်းဆီးအရေးယူတဲ့အမှု ၄၇၃ မှု ရှိပါတယ်။
ဖမ်းဆိးမှုတွေကို နေရာအနှံ့အပြားမှာ မလုပ်နိုင်တဲ့ အတွက်ကြောင့် ပြည်သူတွေ အတွေ့နည်းတာ
လည်းဖြစ်နိုင်တယ်" ဟု ၎င်းကပြောကြားသည်။

လွန်ခဲ့သော ခြောက်လအတွင်း ပြုစုခဲ့သည့် မှတ်တမ်းများအရ ယာဉ်ကြောကျပ်တည်းသည့်နေရာ
ရ၉ နေရာရှိပြီး အဆိုပါနေရာမျာတွင် အထူးယာဉ်ကြောရှင်းစနစ် အဖွဲ့များကိုအသုံးပြုကာ
ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့တွင်းမြို့နယ်များတွင် စည်းကမ်းလိုက်နာမှု မရှိဘဲ ရပ်တန့်လျက်ရှိသည့် မော်တော်ယာဉ်များ
ကိုလည်း လှည့်ကင်းဆိုင်ကယ်များ အသုံးပြုကာ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး