အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယ သာသနာပြုဌာန တည်ထောင်မည်

အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယ သာသနာပြုဌာန တည်ထောင်မည်

ရွှေကျင်နိကာယ သာသနာပြန့်ပွားရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ
ရွှေကျင်နိကာယသာသနာပြုဌာန (International Shwegyin Nikaya Missionary Centre -
I.S.M.C) ကို ရန်ကုန်မြို့တွင် တည်ထောင်ရန် ၁၉ ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ
ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့သည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိ၀ံသ နှင့် မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ
ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ တို့ကို အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယ
သာသနာပြုဌာနကို ဦးဆောင်စေရန် ပြည်တွင်းပြည်ပ သံဃာတော်ပေါင်း ၉၀၀ ၀န်းကျင်ခန့်
တက်ရောက်ခဲ့သည့် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရွှေကျင်နိကာယ သာသနာပြုဌာနကို တည်ထောင်နိုင်ရန် အဆိုပါ
တာဝန်ပေးအပ်ခြင်းခံရသည့် ဦးဆောင်ဆရာတော်များက လုပ်ငန်းစီမံချက်ကို ရေးဆွဲကာ
ဧကူနဝီသတိမ ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးကြီး၏
ဒုတိယအကြိမ် ရွှေကျင်နိကာယဂိုဏ်းလုံး ၀န်ဆောင်နာယက အစည်းအဝေး၌ တင်ပြရမည်
ဖြစ်သည်။

သာသနာပြုစင်တာတွင် အသုံးပြုမည့် ခေတ်ပေါ် နည်းပညာသုံး ပစ္စည်းများနှင့် ပတ်သက်၍
ရွှေကျင် ဂိုဏ်းသံဃာတော်များ လိုက်နာရမည့် ညွှန်ကြားချက်များကို ဗဟိုဌာနမှ ထုတ်ပြန်မည်
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး