ဒဂုံတက္ကသိုလ်၌ ဆန္ဒထုတ်ဖော်

ဒဂုံတက္ကသိုလ်၌ ဆန္ဒထုတ်ဖော်

ဒဂုံတက္ကသိုလ်တွင် ငြိမ်းချမ်းစွာပညာ သင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲ
ဖြေဆိုနိုင်ရေးအတွက်၊ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ခန့်က ယခုလ ၁၆ ရက်နေ့တွင်
ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ပြီးခဲ့တဲ့ ၁၅ ရက်နေ့က တာမွေ၊ ဗိုလ်စိန်မှန်ရပ်ကွက်မှာ ဆန္ဒထုတ်ဖော်မှု လုပ်ခဲ့တယ်။ အဲဒါနဲ့
ပတ်သက်ပြီး ဒီကကျောင်းသားတွေကလည်း သူတို့ သဘောဆန္ဒနဲ့ ဆန္ဒထုတ်ဖော်ချင်တယ်
ပြောလို့ ခွင့်ပြုခဲ့တာပါ"ဟု ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပထမနှစ်မှ ဂုဏ်ထူးတန်းအထိ ကျောင်းသား ကျောင်းသူများ
တက်ရောက်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ပေးသည့် အင်္ဂလိပ်စာ နောက်ဆုံးနှစ်
ကျောင်းသား မောင်လင်းမြတ် က "ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသား တစ်သောင်းခွဲကျော်
ရှိပါတယ်။ သပိတ်စစ်ကြောင်းမှာ ပါ၀င်တဲ့ အစ်ကို၊ အစ်မ တွေလည်း ရှိပါတယ်။ သူတို့တွေရဲ့
လုပ်ရပ်ကို အားပေးသလို ကျွန်တော်တို့ ဒီဘက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်း စာသင်ရတာကို
လိုလားပါတယ်" ဟု ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး