ဒလမြို့ နာရီစင်အနီးမှ ဓနုတ်ကျေးရွာစပ်အထိ ကွန်ကရစ်လမ်း ခင်းနေ

ဒလမြို့ နာရီစင်အနီးမှ ဓနုတ်ကျေးရွာစပ်အထိ ကွန်ကရစ်လမ်း ခင်းနေ

ဒလမြို့နယ် နာရီစင်အနီးမှ ဓနုတ်ကျေးရွာစပ် အထိ လမ်းမကြီးကို ကွန်ကရိလမ်းခင်းကျင်းနေမှုမှာ
ဧပြီလခန့်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

"ခုလောလောဆယ်တော့ သွားလာရေး တွေအဆင်ပြေအောင် လမ်းတစ်ဖက်ကိုပဲ
ခင်းနေသေးတယ်။ ဒါက ရခိုင်ချောင်အထိရောက်နေပြီ။ ခင်းမှာက ၁၂ ပေအကျယ် ထုထည်က
ခြောက်လက်မရှိမယ်။ အားလုံး ပြီးစီးဖို့တော့ ဧပြီလလို့ မှန်းထားတယ်"ဟု ဒလမြို့နယ်
ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လိူင်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

အဆိုပါ လမ်းခင်းမှုကို ဇန်နဝါရီလက စတင်ခြင်းဖြစ်ပြီး မူလက ခြောက်မိုင်ခွဲခန့်သာ
စီစဉ်ခဲ့သော်လည်း ယခုအခါ ၁၃ မိုင်ခွဲအရှည် အထိ ခင်းကျင်းလျက်ရှိသည်။

အဆိုပါ ဒလနှင့် ဓနုတ်ကျေးရွာ သွားလမ်းမှာ ဖျာပုံ - မအူပင်အစရှိသည့် ဧရာဝတီတိုင်းဒေသကြီး
သို့ သွားရောက်သည့် မော်တော်ဆိုင်ကယ်၊ ကုန်တင်ကား၊ လူတင်ကားနှင့် လှည်းယာဉ်များ
သွားလာနေသည့် လမ်းဖြစ်သည်။

ဒလမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကမ်းနားလမ်းတစ်လျှောက် ဇက်ဆိပ်မှ
မှော်စက်အထိလည်းကောင်း အကျယ် ၁၈ ပေ ထုကိုးလက်မ အထူကွန်ကရစ်လမ်းကိုလည်း
ခင်းကျင်းလျက်ရှိနေသည်။

လျှပ်စစ်မီး ရရှိရေးနှင့် သောက်သုံးရေ ရရှိရေးကိုလည်း ဆောင်ရွက်ပေးနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး