လူငယ်ယဉ်ကျေးမှုနည်းပြ သင်တန်း ဖွင့်မည်
ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းနှင့် သာသနာ့အလင်းရောင် ဓမ္မာရုံအကျိုးဆောင်အဖွဲ့တို့ ပူးပေါင်း
ကျင်းပသော 'ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှုနည်းပြသင်တန်း'ကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်နေ့
အထိ အလုံမြို့ နယ် စကားစိမ်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ သာသနာ့ အလင်းရောင်ဓမ္မာရုံ၌
ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသက် ၁၈ ပြည့်ပြီးသူ၊
ဗုဒ္ဓဘာသာ အခြေခံရှိပြီး ယဉ်ကျေးမှုသင်တန်း များတွင် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်လို
သူများ၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် အကျိုး ဆောင်လိုသူများ တက်ရောက်နိုင်သည်။
စိတ်ပါ၀င်စားသူူများသည် ဖုန်း-၃၈၂ ၉၃၅၊ ၃၇၁၈၀၀ (လိုင်းခွဲ-၃၆၄)၊ ၀၉ ၅၀၇ ၉၆၇၄ သို့
စုံစမ်းနိုင်သည်။






