မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲ (Myanmar Youth Forum 2012) ကို
လာမည့် ဒီဇင်ဘာလ ၁၂ ရက် နေ့တွင် ရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ် ပြီး အဆိုပါဆွေးနွေးပွဲသို့
တက်ရောက် ရန် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူငယ် အဖွဲ့အစည်းများမှ တွေ့ဆုံဆွေးနွေးပွဲ
အလုပ်အမှုဆောင်အဖွဲ့များကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီမတိုင်မီ
ဆက်သွယ်ရန် ဖိတ်ခေါ်ထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် တွေ့ဆုံပွဲကျင်းပရန် ကမ္ဘောဒီးယားနိုင်ငံ ၌ ကျင်းပခဲ့သော
ASEAN Youth Forum 2012 တက်ရောက်ခဲ့သူ လူငယ် များက ဦးစီးလုပ်ဆောင်နေပြီး
ဩဂုတ်လ ၁၈ ရက်နေ့က Myanmar Youth Forum ဖြစ်မြောက်ရေးအလုပ်ရုံဆွေး နွေးပွဲကို
လူငယ် ၄၉ ဖွဲ့မှ ကိုယ်စားလှယ် ပေါင်း ၁၀၀နီးပါးဖြင့် ကျင်းပခဲ့သည်။
"အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ လူငယ်အဖွဲ့တွေအများကြီးပေါ်ပေါက်ဗနပါတယ်။ ဒါပေမယ့်
တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်လုပ်ဆောင်မှုကတော့ အား နည်းနေပါသေးတယ်။ ပြီးတော့ လူမှုရေး
လုပ်ဆောင်တဲ့ လူငယ်အဖွဲ့တွေအနေနဲ့ နိုင်ငံရဲ့ အသိအမှတ်ပြုခံမှုကလည်း တော်တော်ကို
အားနည်းနေပါတယ်။ ပြီးဗတာ့ ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေအတွက် လူငယ့်ရေးရာမူဝါဒ
လည်း မရှိ သေးပါဘူး"ဟု အမှုဆောင်အဖွဲ့ဝင် ကိုသက်ဆွေဝင်းက ပြောသည်။
အိမ်နီးချင်း အာရှနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ မလေးရှားနှင့် နီပေါနိုင်ငံများတွင် လူငယ်များနှင့်
သက်ဆိုင်သော အခွင့်အရေးများနှင့် မူဝါဒများကို ချမှတ် ကျင့်သုံးလျက်ရှိပြီး အာဆီယံနိုင်ငံများ
တွင်လည်း အာဆီယံဥက္ကဋ္ဌအဖြစ် လက်ခံရမည့်နိုင်ငံက လူငယ်တွေ့ဆုံပွဲများ ကျင်းပပေးရသည်။
"ကမ္ဘောဒီးယားနိုင်ငံမှာတော့ လူငယ်တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံသားအဖွဲ့အစည်းတွေနဲ့ အစိုးရဆိုပြီး
နှစ်ပိုင်းခွဲ လုပ် ကြတယ်။ အဲဒါဘာကိုပြသလဲဆိုတော့ အစိုးရနဲ့ နိုင်ငံတွင်းက အဖွဲ့အစည်းတွေ
မညီညွတ်တာကို ပြပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ ပြုလုပ်မယ့် တွေ့ဆုံပွဲကိုတော့ အဲဒီလို
မဖြစ်အောင် ကြိုးစားရမှာပါ။
"ပြီးတော့ ဒီလိုလူငယ်တွေ့ဆုံပွဲလုပ်မယ်ဆိုတာ လူငယ်တွေရဲ့ ရပိုင်ခွင့်တွေကို မျှမျှတတရယူနိုင်ဖို့၊
လူငယ့်ရေးရာ မူဝါဒကို ချမှတ်ပြီး လူငယ်တွေရဲ့အခက် အခဲတွေကို ကျော်ဖြတ်နိုင်ဖို့အတွက်ပါ။
အစိုးရကို ဆန့်ကျင်ဖို့လုပ်နေကြတာ မဟုတ်ဘဲ အစိုးရရဲ့အကူအညီတွေ မရှိ မဖြစ် လိုအပ်ပါတယ်။
ပြီးတော့ ကျွန်တော်တို့က ASEAN Youth Forum အဆင့်လောက်နဲ့မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ
အဆင့်အထိပါ သွား ချင်တာမို့ အစိုးရကိုလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းစေချင်ပါတယ်"ဟု
ကိုသက် ဆွေဝင်းက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်တွေ့ဆုံပွဲဖြစ်မြောက်ရေးကော်မတီကို ဘဏ္ဍာရေးနှင့်ရန်ပုံငွေရှာ
ဖွေရေး၊ မီဒီယာနှင့် လူထုဆက်ဆံရေး၊ အစီအစဉ် ရေးဆွဲ ညှိနှိုင်းရေး၊ ဒေသခံအဖွဲ့ အစည်းများနှင့်
ချိတ်ဆက်ရေး၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဟူ၍ အပိုင်းခြောက်ပိုင်းဖြင့် လူငယ်များ ဦးစီးဆောင်ရွက်
နေသည်။
"ကျွန်မတို့က ရန်ကုန်မှာ ကျင်းပမယ့် လူငယ်တွေ့ဆုံပွဲရောက်လူငယ်တွေရဲ့ အသံတွေချည်း
မဟုတ်ဘဲ ဒေသအသီးသီးက လူငယ်တွေရဲ့ အသံကိုလိုချင်တာပါ။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာရှိတဲ့
လူငယ်တွေရဲ့အသံကိုရဖို့ စကားဝိုင်း တွေ၊ လူငယ်တွေ့ဆုံပွဲတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။
ပြီးတော့မှ လူငယ့်ရေးရာမူဝါဒကို ရေးဆွဲပေးမယ့် ကော်မတီဖွဲ့စည်းပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက
လူငယ်ကိုယ်စားလှယ်အဖွဲ့တွေတက် ရောက်ဖို့ တွေ့ဆုံပွဲကြီး ကျင်းပသွားမှာပါ။ အခက်အခဲတွေကို
ဆွေးနွေးသွားပြီး အစိုးရဘက်က အကူအညီတွေလည်း တောင်းဆိုသွားပါမယ်"ဟု အစီအစဉ်
ရေးဆွဲညှိနှိုင်းရေးအဖွဲ့မှ တာဝန်ခံ မမိုးမရသူက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များတွေ့ဆုံဆွေးနွေးပွဲ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်း
လုံးရှိ လူငယ်များ ပူးပေါင်းဆွေးနွေး စုစည်းချိတ်ဆက် လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ
လူငယ်ကွန်ရက်ကြီး ပေါ်ပေါက်လာ စေရန်၊ လူငယ်များ၏ အခွင့်အရေး တာဝန်နှင့် ရပိုင်ခွင့်များကို
ဖော်ထုတ်ပြီး လူငယ့်ရေးရာမူဝါဒများ ပေါ်ထွက်လာစေရန်နှင့် လူငယ်များ၏လက်ရှိအခြေအနေများ၊
အခက်အခဲများနှင့် စိန်ခေါ်မှုများကို ထင်ဟပ်သော အသံများကို ဖော်ထုတ်နိုင်ရန်တို့ကို လွှတ်တော်၊
သို့မဟုတ် နိုင်ငံတော်သမ္မတကြီးသို့ တင်ပြသွားနိုင်ရန် စီစဉ်နေကြောင်း ထိုပွဲတာဝန်ရှိသူ တစ်ဦး
ဖြစ်သည့် ကို၀င်းတင့်အောင်က ပြောသည်။
"တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ ၀ပ်ရှော့တွေလုပ်မယ်။ မန္တလေးဆိုရင် မန္တလေးဝပ်ရှော့ပေါ့။
မန္တလေးမှာရှိတဲ့ လူငယ်တွေရဲ့အသံ၊ လူငယ်တွေရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲပြဿနာတွေ၊
လူငယ်တွေရဲ့ဆန္ဒတွေ ဖော်ထုတ်ပေးနိုင်မယ့် ၀ပ်ရှော့လေးတွေ လုပ်မယ်။ ကျွန်တော်တို့က
ဒီဇင်ဘာမှာ လုပ်မယ်ဆိုတော့ နှစ်လကျန်တဲ့အချိန် အတွင်း ဒီလိုဝပ်ရှော့တွေ တိုင်းနဲ့ပြည် နယ်
၁၄ ခုစလုံးမှာ လိုက်လုပ်မှာပါ။ အဲဒီ ကမှ လက်ရှိ ကြံုတွေ့နေတဲ့ အခက်အခဲ ပြဿနာတွေ
အားလုံးပေါင်း ၁၄ ခု ထွက် လာပါလိမ့် မယ်။ ပြီးရင် တွေ့ဆုံဆွေးနွေး ပွဲကြီးမှာ အဲဒီ statement
၁၄ ခုစလုံးကို ပေါင်းပြီး ဘုံအတူဆုံးပြဿနာတွေ လေးငါးချက်လောက် ထွက်လာပါလိမ့် မယ်။
အဲဒီကနေ ကျွန်တော်တို့က မြန်မာ နိုင်ငံကလူငယ်တွေ ၂၀၁၂ မှာတော့ ဒီလို မျိုး လက်ရှိကြံုတွေ့
နေရတယ် ဒီလိုမျိုး ပြဿနာတွေ ဖြစ်နေပါတယ်၊ ဒီလိုမျိုး တော့ဖြစ်စေချင်ပါတယ် စသည်ဖြင့်
မြန်မာနိုင်ငံလုံးက ထုတ်ပြန်ချက်တစ်ခု ထွက်ပါမယ်။ ပြီးရင် လွှတ်တော်ဥက္ကဋ္ဌ တွေဆီ တင်ပြပြီး
ပါတီတွေအားလုံးကို လည်း ဝေပါ့မယ်"ဟု ကိုသက်ဆွေဝင်းက ပြောသည်။ လူငယ်တွေ့ဆုံပွဲတွင်
လူငယ့်ရေးရာ မူဝါဒ ကျင့်သုံးသည့်နိုင်ငံများမှ ခေါင်း ဆောင်လူငယ်များကိုလည်း တက် ရောက်ရန်
ဖိတ်ကြားသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအတွက် ကုန်ကျစရိတ်နှင့် လိုအပ်သည့် ငွေကြေးများအတွက်
ရန်ပုံ ငွေကို အစိုးရမဟုတ်သည့်အဖွဲ့အစည်း များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တောင်းခံသွား
မည်ဖြစ်သည်။
"ကျွန်တော်တို့ အခုသတ်မှတ်ထား တာက တက်ရောက်မယ့်မြို့နယ် ၃၂၄ မြို့ နယ်က လူငယ်
ကိုယ်စားလှယ်အဖွဲ့တွေ နဲ့ ဖိတ်ကြားမယ့် ဧည့်သည်တွေအတွက် အယောက် ၅၀၀ စာ စီစဉ်
လိုပါတယ်။သုံးရက်ကြာ ကျင်းပမှာဖြစ်တဲ့အတွက် လူ ၅၀၀ ဆံ့မယ့်နေရာလည်း လိုအပ်နေပါတယ်။
ကျွန်တော်တို့အုပ်ချုပ်ရေးအဖွဲ့ အတွက် စေတနာနဲ့ ကူညီပေးမယ့် (တက်ရောက်သူတွေ နေရာချ
ထားရေး) လူငယ်တွေလည်း ကျွန်တော်တို့ကို ကူညီစေချင်ပါတယ်"ဟု အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ခံ
ကိုမင်းမင်းထွန်းက ပြော သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ် တွေ့ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ကို ၀၉ ရ၃၁ ၃၀၂၇၅၊
၀၉ ရ၃၁ ၁၇၈၄၉၊ ၀၉ ၄၂၀ ၀၁၅၉၉၀ တို့ကို ဆက်သွယ်နိုင်ပြီး ဖေ့စ်ဘွတ်ခ်တွေလည်း Myanmar
Youth Forum စာမျက်နှာ တွင် ၀င်ရောက်လေ့လာနိုင်ကြောင်း သိရသည်။






