အိပ်ချ်အိုင်ဗီဆိုင်ရာ လူငယ် ခေါင်းဆောင်မှုသင်တန်း ကျင်းပမည်

အိပ်ချ်အိုင်ဗီဆိုင်ရာ လူငယ် ခေါင်းဆောင်မှုသင်တန်း ကျင်းပမည်

အိပ်ချ်အိုင်ဗီ-အေ့ဒ်စ် ကူးစက်မှုတွင် အဓိကကျသောလူအုပ်စုများတွင် ပါ၀င်နေသော လူငယ်များနှင့်
အဆိုပါလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်နေသော လူငယ်များအတွက် ခေါင်းဆောင်မှုသင်တန်းကို
နိုဝင်ဘာလအတွင်း ရန်ကုန်မြို့၌ ငါးရက်ကြာ ကျင်းပမည်ဖြစ်သည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ဦးစီး ကျင်းပသွားမည့် အဆိုပါ
သင်တန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ ပြုလုပ်
သွားမည်ဟုသိရသည်။

သင်တန်းကို အခမဲ့ပို့ချသွားမည်ဖြစ်ရာ သင်တန်းသား အများဆုံး ၃၀ တက်ရောက်ရန် ကန့်သတ်
ထားသည်။

အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသားချင်း နှစ်သက်သူများ၊ လိင်ပြောင်းထားသူများ၊
မူးယစ်ဆေးဝါး သုံးစွဲသူများ၊ အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံထားရသူ လူငယ်များနှင့် အဆိုပါလူငယ်များ
အတွက် အိပ်ချ်အိုင်ဗီ ကာကွယ်ရေး၊ ပြုစုကုသရေးလုပ်ငန်းများတွင် ပါ၀င်လုပ်ဆောင်နေသူ
လူငယ်များ လျှောက်ထားနိုင်သည်ဟု သိရသည်။

လျှောက်ထားလိုသူများသည် အောက်တိုဘာလ ၁၅ ရက်နေ့မတိုင်မီ လျှောက်ထား နိုင်ပြီး
ဖုန်းနံပါတ် ၀၁-၅၄၅ ၆၃၇၊ ၅၄၄ ၅၃၁ သို့ စုံစမ်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်