မြန်မာနိုင်ငံတော် ဗဟိုဘဏ်အောက်တွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိသည့်အနက် ဈေးကွက်ရှယ်ယာ
သုံးပုံတစ်ပုံ ရရှိထားသည်ဆိုသည့် ကမ္ဘောဇဘဏ် သည် လွန်ခဲ့သည့်သီတင်းပတ်အတွင်း က ဘဏ်ဒေဝါလီခံတော့မည်ဟူသော ကောလာဟလများပေါ်ထွက်ခဲ့သဖြင့် ဘဏ်ခွဲများတွင် ငွေအပ်နှံ
သူများက ငွေများ တစ်ပြိုင်နက်လာရောက်ထုတ်ယူမှုဖြစ်ပေါ်ခဲ့သည့်အပေါ်တွင် သတင်းစာရှင်း
လင်းပွဲ ပြုလုပ်ကာ မဟုတ်မှန် ကြောင်း ဖြေရှင်းခဲ့ရသည်။
အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်ကို မြန်မာတိုင်း(မ်)က
အောက်တိုဘာလ ၆ ရက်နေ့တွင် တွေ့ဆုံမေးမြန်းခဲ့သည်။
* အခု ဒီကမ္ဘောဇဘဏ်ရဲ့အနာဂတ် ဟာ ပိုင်ရှင်ဦးအောင်ကိုဝင်းနဲ့ ပတ် သက်ပြီးတော့ပဲ
ရပ်တည်မူတည်နေ ပါသလား။ ဒါမှမဟုတ် ဗဟိုဘဏ် ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်
တယ်ဆိုရင် ဘဏ်ပြိုလဲနိုင်တဲ့အဖြစ်မျိုးကော ဖြစ်လာနိုင်ပါသလား။
ပြောရမယ်ဆိုရင် ပိုင်ရှင်ဦးအောင်ကိုဝင်းရဲ့ ပင်ကိုစိတ်ဓာတ်က လူမှုရေးကိစ္စတွေမှာလည်း ရက်ရော
တယ်။ သူနဲ့နီးစပ် သူ တော်တော်များများသိတယ်။ ဘဏ် ကောလာဟလ ထွက်တယ်ဆိုတာက သူ
မဟုတ်တာလုပ်ထားတာနဲ့ နွှယ်တာမဟုတ်ဘူး။ သူကကိုယ်ထင်မပြတာကြောင့်ပါ။ အကြောင်းမရှိဘဲ
ကောလာ ဟလ လွှင့်တာ။ ပြီးတော့ ဘဏ်အချင်းချင်းက လုပ်တယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။
တစ်ခုထိခိုက်ရင် အကုန်လုံးထိခိုက်နိုင်တာ။ ဘဏ်အချင်းချင်း ဘယ်တော့မှမလုပ်ဘူး။ ဖြစ်နိုင်တာမှာ
အခုက ကျပ်တန်ဖိုးကလည်း တက်လာတယ်။ဒေါ်လာဈေးက ပြန်ကျတယ်။ ဒီတော့ ပို့ကုန်သမားတွေ
က မကိုက်ဘူး။ ဒါက တစ်ခု။ နောက်တစ်ခုက အပြင်မှာက ကျပ်နည်းသွားတော့ ဒေါ်လာ ပိုများလာ
တယ်။ ကျပ်တန်ဖိုးတက်တော့ ရွှေဈေးလည်းကျတယ်။ တချို့အချက်မှာ ဘဏ်ထဲက ပိုက်ဆံတွေ
အပြင်ကို ထွက်လာတယ်ဆိုရင် ပြန်များတက်လာမလားလို့ ပေါ့လေ။ ရှိတတ်တာပေါ့။ ဒါကြောင့်
ကောလာဟလ လွှင့်လာတာ။ လွှင့်ပုံက လည်း ယုတ္တိမတန်ဘဲ ပေါ်တော့ ပြည်သူ နစ်နာတာပေါ့။
မူးယစ်ဆေးဝါးနဲ့ ဖြစ်တယ်လည်းပြောတော့ ဦးအောင်ကိုဝင်း က နဂိုကတည်းက ကျောက်မျက်
လုပ်ငန်းပဲ လုပ်တာ။
* ကောလာဟလထွက်တာကြောင့် ငွေတွေထုတ်ယူသွားတယ်ဆိုတာ ဘယ်မြို့တွေမှာ
အများဆုံးပါလဲ။
ရန်ကုန်နဲ့ မန္တလေးမှာ အများဆုံးပါပဲ။နေပြည်တော်မှာ ဘာမှမရှိဘူး။ခုနပြော တဲ့ တစ်နေ့တည်းနဲ့
ကျပ်ရှစ်ဘီလျံထုတ် သွားတယ်ဆိုတာ ရန်ကုန်မှာ ထုတ်သွား တာပါ။ ဒီပမာဏက သိပ်မများပါဘူး။
နောက်ပိုင်းထုတ်ချင်ရင်လည်း လက်ထဲမှာ ပိုက်ဆံရှိပြီးသား။ ပြင်ဆင်ထားပါတယ်။ ဒီပိုက်ဆံလိုလာ
ရင်လည်း ဗဟို ဘဏ်က အဆင်သင့်ပါပဲ။ ဒါက ဘဏ်ရဲ့ အာမခံချက်ပါ။
* ခုနပြောသွားတဲ့အထဲမှာ ကမ္ဘောဇ ဘဏ်က ဈေးကွက်ရှယ်ယာ သုံးပုံ တစ်ပုံရ
ထားတယ်လို့ ပြောတယ်။ လောလောဆယ် ဘဏ်ခွဲဘယ် လောက် ရှိနေပြီလဲ။
မတည်ရင်းနှီး ငွေကကော အခု ဘယ်လောက်ဖြစ် နေပြီလဲ။
မတည် ရင်းနှီးငွေကတော့ အခု ဗဟို ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပါ ပဲ။ မတည်ရင်းနှီးငွေကို
များများရစေ ချင်တယ်။ ဘဏ်ခွဲတစ်ခု ဖွင့်တိုင်းဖွင့် တိုင်း ကျန်သန်း ရ၀၀ တောင်းတယ်။ နည်း တာ
မဟုတ်တော့၊ ဥက္ကဋ္ဌကလည်း သူ့ ငွေတွေ ပုံအောပြီး ဒီထဲထည့်လိုက်တာပဲ။ တစ်နည်းအားဖြင့်
တိုင်းပြည်အတွက် အကျိုးဆောင်ပေးတဲ့ သဘောပါပဲ။ နောက်တစ်ခုက မတည်ငွေများလာရင်
ဘဏ်ရဲ့ခိုင်မာမှုလည်း တက်လာမယ်။ နိုင်ငံခြားမှာလည်းဒီအတိုင်းပဲ။ ဒါ ကြောင့် မတည်ငွေများတာ
ကို ကြိုက်တယ်။ ခုလောလောဆယ် ဘဏ်ခွဲစုစုပေါင်း ရ၉ ဘဏ်ရှိတယ်။ ထပ်ချဲ့ဖို့က ၁၀၀ လောက်
အထိရှိတယ်။ ဒီထပ်ချဲ့ တာတောင် သူများ နိုင်ငံခြားဘဏ်တွေနဲ့ ယှဉ်ရင် နည်းသေးတယ်။ ထိုင်းမှာ
ဆို ရင် ဘဏ်ခွဲပေါင်း ၁,၀၀၀ လောက်တောင် ရှိတဲ့ဘဏ်တွေရှိတယ်။ ဒီမှာက ၁၀၀ တောင်မရှိသေး
ဘူး။ မတည်ရင်းနှီးငွေ အနေနဲ့ ကြည့်မယ်ဆိုရင်လည်း ကျပ် ဘီလျံ ၁၀၀ ဆိုတာ (ဒေါ်လာ ၉၀ မီလျံ)
ပဲရှိတယ်။ တခြားနိုင်ငံမှာက ဘီလျံဒေါ်လာနဲ့ပဲ ပြောတာ။ ၁၉၉၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပါ
တယ်။
* ဒီတော့ ၁၉၉၄ ခုနှစ်မှာ စတင် တည် ထောင်ခဲ့တာဆိုတော့ ၂၀၀၃ မှာ လည်း
ဘဏ်တွေ ပြိုလဲခဲ့ တာတွေ ရှိခဲ့ တယ်။ ဒါပေမယ့် ကမ္ဘောဇဘဏ် ကျန်နေခဲ့တယ်။
အခုဆိုလည်း ပုဂ္ဂလိကဘဏ်တွေ ၁၉ ခုလောက် ရှိတဲ့အထဲက ဈေးကွက်မှာ ရှယ်ယာ
အများဆုံးရထားတာဘာကြောင့်လို့ ထင်ပါသလဲ။
အဓိကကတော့ ယုံကြည်မှုပါပဲ။ ကျွန်တော်ကလည်း ဗဟိုဘဏ်ကနေ လာတဲ့သူဖြစ်တဲ့အတွက်
ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဖို့၊ မဖောက်ပြန်ဖို့၊ ပြည်သူလူထုငွေ မပျောက်
ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးတယ်။ ဒါကြောင့် ချေးတဲ့အခါမှာလည်း စည်း
ကမ်းနဲ့ချေးဖို့ ပြောထားတယ်။ ပြည်သူ့ငွေဖြစ်တဲ့ အတွက် ပြည်သူပြန်တောင်းရင် အချိန် မရွေး
ပေးနိုင်အောင်ပိုက်ဆံတွေ အလုံ အလောက်ထားတယ်။ ဒါကြောင့် အခုလို ဖြစ်တော့ ချက်ချင်း
ပိုက်ဆံပြန်ထုတ်ပေးနိုင်တယ်။ ဒါမှထပ်လိုသေးတယ်ဆိုရင် ဗဟိုဘဏ်ကနေဝယ်ထားတဲ့ ငွေ
တိုက် စာချုပ်တွေက အမြောက်အမြားရှိတယ်။ ဗဟိုဘဏ်မှာလည်း ပိုက်ဆံအလုံအလောက်
ရှိတယ်။ ဘာမှစိုးရိမ်စရာမရှိဘူး။ ဥပမာ ပြည်သူကြားမှာ ငွေကြေး လည်ပတ်မှုက ကျပ်သန်း
ပေါင်း ဘီလျံ ၅,၀၀၀ (ကျပ်ငါးထရီလျံ)ရှိတယ်။ ဒီ ငါးထရီလျံရှိတဲ့ ငွေကြေးဟာ ဘဏ်ထဲမှာ
နှစ်ထရီလျံအပ်ထားတယ်ဆိုပါစို့။ ဒီငွေ ဟာ အစိုးရလက်ထဲမှာ အပြည့်အဝရှိပြီး သား။ ဘာမှ
စိုးရိမ်စရာမရှိဘူး။ တစ်သောင်းတန်တင်မကဘူး။ နှစ် သောင်းတန်ထုတ်လည်း ရတယ်။ဒေါ်လာ
နဲ့တွက်ရင် ဘာမှမရှိဘူး။ ဒီလို တန်ဖိုးကြီးငွေထုတ်ခြင်းအားဖြင့် ဗဟို ဘဏ်အနေနဲ့လည်း အ
ဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ အများကြီး အလုံ အလောက် သိုလှောင်ထားနိုင်တယ်။
ဗဟိုဘဏ်လက်ထဲမှာက အပ်ငွေအတိုင်း အလုံအလောက်ရှိပြီးသား။ အရင်ကမရှိဘူး။ အရင်
ကတော့ မစဉ်းစားမိဘူး။အခု တော့ ဒါတွေ ပြင်ဆင်ထားတယ်။
* အခုလို ပြည်တွင်းဘဏ်တွေ ကြားမှာ ငွေကြေးပိုင်းဆိုင်ရာ ကောလာဟလ
တွေထွက်တာဟာ ပြည်ပကနေ လာ ရောက်ရင်းနှီးမယ့်သူတွေကိုကော တစ်နည်း
နည်းနဲ့ အဟန့်အတား ဖြစ်စေနိုင်တယ် လို့ ပြောလို့ရပါသလား။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာပြီ ဆိုရင် သူတို့ဘဏ်တွေပါ ခေါ်လာတာ။ ပြည်တွင်းဘဏ်တွေကို
သိပ်မသုံးဘူး။ ဒါပေမယ့် ကိုယ့်ဘဏ်က ကြီးကျယ်လာ လို့ သူတို့ဘဏ်တွေနဲ့ ဖက်စပ်လုပ်မယ် လို့
ဖြစ်လာတဲ့အခါကျမှသာ ရိုက်ခတ်မှု ရှိမှာ။ သူတို့ဘက်ကလည်း ရှင်းရှင်းပြော ရရင် ရာနှုန်းပြည့်ကို
လာချင်တာ။ ဘာ ကြောင့်လဲဆိုရင် ပြည်တွင်းဘဏ်တွေက လူ့စွမ်းအား တည်ဆောက်တဲ့အခါ
အများကြီး နောက်ကျတယ်။ နည်းပညာ နောက်ကျတယ်။ အရင်းအနှီးကလည်း သူတို့နဲ့စာရင်
မဖြစ်စလောက်ဖြစ်နေ တယ်။ ဒီတော့ သူတို့ဟာသူတို့ လာရင်း ချင်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဥပဒေ လာပြီဆိုတာနဲ့ သူတို့ကလည်း သူတို့ ဘဏ်နဲ့ သူတို့လာကြမှာပဲ။ အစိုးရကို ပြောမှာပဲ။
ဘဏ်သီးခြားဖွင့်ဖို့ပေါ့။ သူတို့ လာရင် တစ်ခုတော့ရှိတယ်။ အလုပ် အကိုင် အများကြီးရမယ်။







