ကုန်တင်ယာဉ်ကြီးများ ကားဂိတ်အသင်းဝင်မှ ကုန်စည်ပို့ဆောင်ခ ပိုမိုရနိုင်မည်ဟုဆို

ကုန်တင်ယာဉ်ကြီးများ ကားဂိတ်အသင်းဝင်မှ ကုန်စည်ပို့ဆောင်ခ ပိုမိုရနိုင်မည်ဟုဆို

ဘုရင့်နောင်ဝင်းအတွင်းရှိ ကုန်တင်ကား ဂိတ်အချို့မှ ကုန်တင်ယာဉ်ပိုင်ရှင်များအား ငွေကြေး
ထည့်ဝင်ခိုင်းကာ မိမိတို့ ကားဂိတ်၏ အသင်းဝင်အဖြစ် လက်ခံမှုများရှိလာသည်ကို တွေ့ရကြောင်း
ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကုန်တင်ကားပိုင်ရှင် တစ်ဦးက ပြောသည်။

"ကုန်ကားဂိတ်ပိုင်ရှင်တွေက ကုန်တင်ကားပိုင်ရှင် တချို့ကို မိမိတို့ ကားဂိတ်ရဲ့ အသင်းဝင်ပုံစံမျိုး
ပြုလုပ်ပြီး တစ်စီးကို ကျပ်နှစ်သိန်းနဲ့ အသင်းအဖွဲ့ ၀င်ပုံစံမျိုး လုပ်တယ်။ တချို့ကားဂိတ် တွေဆိုရင်
တစ်စီးကို ငါးသိန်းတောင် တောင်းတဲ့ ကားဂိတ်တွေတောင် ရှိတယ်။ အသင်းအဖွဲ့ဝင်တယ်ဆိုရင်
စာချုပ်စာတမ်းတွေနဲ့ လုပ်ကြတယ်"ဟု ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါ အသင်းအဖွဲ့ဝင်သည့် စာချုပ်တွင် မိမိတို့ကုန်ကားဂိတ်တွင် အသင်းအဖွဲ့ဝင်ထားသည့်
ကုန်ကားများအား ကုန်ကားခ ပိုမိုရရှိသည့် အပေါ်ကုန်၊ အောက်ကုန်များ ပိုမိုတင်ဆောင်ပေးမည်
ဖြစ်ကြောင်း၊ ငွေကြေး ပေးထားခြင်းမရှိသည့် ကုန်ကားများကို ကုန်ဖိုးငွေ အရနည်းသည့် စီးလုံးငှား
ကုန်များကိုသာ တင်ဆောင်ပေးမည်ဖြစ်ကြောင်း စာချုပ်တွင် ဖော်ပြထားသည်။

"စာချုပ်မှာ အသင်းဝင်ဆိုတဲ့ စကားလုံးကို သုံးနှုန်းထားတယ်။ အဲဒီလို သုံး နှုန်းတဲ့အတွက်ကြောင့်
အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းအပေါ်ကို နားလည်မှု လွဲသွားနိုင်တယ်။
အသင်းဆိုတဲ့ စကားလုံးကို မသုံးဘဲ ကားဂိတ်ဝင်းဆိုတဲ့ နာမည်ကိုပဲ သုံးသင့်တယ်"ဟု
ကုန်တင်ကား ဂိတ်ပိုင်ရှင်တစ်ဦးက သုံးသပ်သည်။

ကုန်ကားဂိတ်များတွင် ငွေကြေး ပေးသွင်းထာသည့် ကုန်ကားများအနေဖြင့် နှစ်ပတ်လည် ပြေးဆွဲ
ပေးရမည်ဖြစ်ကြောင်း၊ ကုန်ပေါ ကားရှားသည့် ပွင့်လင်းရာသီတွင် ကားပြေးဆွဲခြင်း မပြုပါက
အသင်းဝင်ကြေး ပြန်လည်ရရှိမည် မဟုတ်ကြောင်း၊ ကုန်တင်ကားပိုင်ရှင်က အသင်းဝင်အဖြစ်
နုတ်ထွက်လိုပါက တစ်လ ကြိုတင် အကြောင်းကြားရမည်ဖြစ်ပြီး ကားဂိတ်ကလည်း အသင်းဝင်
အဖြစ် ထုတ်ပယ်မည်ဆိုပါကလည်း ကုန်ကားပိုင်ရှင်ထံ တစ်လကြိုတင် အကြောင်းကြားရမည်
ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာသည့် ကုန်ကားပိုင်ရှင်များအဖို့ အသင်းဝင်အဖြစ်မှ နုတ်ထွက်ပါက
အသင်းဝင်ကြေးငွေများ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်ကားဂိတ်နှင့် ကုန်တင်ကား
ပိုင်ရှင်တို့ကြား ချုပ်ဆိုသည့် စာချုပ်တွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး