ဘီအာရ်တီစနစ် ယာဉ်စီးခ အဆိုပြုဈေးနှုန်း အခြေခံလူတန်းစားများအတွက် များပြားနေ

ဘီအာရ်တီစနစ် ယာဉ်စီးခ အဆိုပြုဈေးနှုန်း အခြေခံလူတန်းစားများအတွက် များပြားနေ

ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် အသုံးပြုသွားမည့် ဘီအာရ်တီ(Bus Rapid Transit) စနစ်
ဖြင့်ပြေးဆွဲမည့် ခရီးသည်တင် ယာဉ်လိုင်းများအတွက် အဆိုပြုထားသောယာဉ်စီးခ နှုန်းထားမှာ
အခြေခံလူတန်းစားများအတွက် များပြားသည့် ပမာဏ ဖြစ်နေကြောင်း ခရီးသွားပြည်သူများက
ပြောသည်။

ဘီအာရ်တီစနစ်သုံး ယာဉ်များတွင် ကောက်ခံရန် ခန့်မှန်းထားသည့် ယာဉ်စီးခ ကျပ် ၄၀၀ မှာ
သာမန် လူတန်းစားများ၏ လုပ်ခငွေနှင့် နှိုင်းယှဉ်ပါက သုံးစွဲရန်ကိုက်ညီမှုမရှိကြောင်း တာမွေမြို့နယ်
နေ အငြိမ်းစားရှေ့နေ တစ်ဦးကပြောသည်။

"လူတစ်ဦးရဲ့ တစ်နေ့ပျှမ်းမျှ ၀င်ငွေ သုံးထောင်ရတယ်ဆိုရင် ဘီအာရ်တီ စနစ်ယာဉ်လိုင်းကို အသွား
အပြန် စီးမိတာနဲ့ ငွေ ရှစ်ရာလောက် လျော့သွားမယ်။ လက်ရှိပြေးနေတဲ့ ကားတွေမှာ ကောက်တဲ့
ကျပ် နှစ်ရာတောင် လူတွေ တော်တော်များက စားတဲ့အထဲက ချွေတာပြီး ပေးနေရတဲ့ဟာကို
ဒီလိုစနစ်ကို အကောင်ထည်ဖော်ရင် ငွေကြေးတတ်နိုင်တဲ့သူတွေ အများဆုံးစီးဖြစ်မယ်ထင်တယ်။
လှည်းတန်းလောက်ကနေ မြေနီကုန်းကို သွားမယ်ဆိုရင် တက္ကစီငှားစီးရင် ကျပ် ၁,၅၀၀ ပေးမယ်။
ဘီအာရ်တီစနစ် ကားစီးမယ်ဆိုရင် ကျပ် လေးရာ ကုန်မယ်။ အလယ်အလတ်တန်းစားတွေသာ
စီးနိုင်ပြီးတော့ သာမန်လူတန်းစားတွေက မီးရထားနဲ့ မြို့နယ်တွေက ပုံမှန်ထွက်တဲ့ ခရီးသည်တင်
ယာဉ်တွေကိုပဲ အားပြု စီးနိုင်မယ့် မူဝါဒ တစ်ခုပါ။ ဒီစနစ်က သာမန် လူတန်းစားတွေရတဲ့ ၀င်ငွေနဲ့
ဘယ်လိုမှ မယှဉ်သာတဲ့ စနစ်တစ်ခုပဲ" ဟု ၎င်းကပြောသည်။

၂၀၀၀ ခုနှစ်ဝန်းကျင် မတိုင်မီကာလများက ရန်ကုန်မြို့တွင်းပြေးဆွဲသည့် ခရီးစဉ် အစအဆုံး ကျပ်
နှစ်ဆယ် ကောက်ခံခဲ့ရာက သဘာဝဓာတ်ငွေ့ သို့ပြောင်းလဲရန် စက်ကိရိယာ ၀ယ်ယူမှုအတွက်
ငွေကြေးလိုအပ်ချက်ရှိသဖြင့် ကျပ် လေးဆယ် သို့တိုးမြှင့် ကောက်ခံရာတွင် အကြွေ အခက်ခဲ
ကြောင့် ငွေကျပ် ၅၀ နှုန်းသို့ ပြောင်းလဲ ကောက်ခံခဲ့ကြောင်း၊ စက်ဖိုးကျေပါက မူလကားခသို့
ပြန်ချပေးမည်ဆိုသော်လည်း ယနေ့အထိ မူလနှုန်းသို့ မရောက်ရုံမကဘဲ ၂၀၀၅ ခုနှစ် အလွန်
ကာလများတွင် ထိုင်ခုံစေ့ လူတင်၍ တီဗီ အဲကွန်းတို့့ပါ၀င်သည့် ၀န်ဆောင်မှု အကြောင်းပြုသည့်
အထူးယာဉ်များ ပေါ်ပေါက်ကာ ကျပ် ၂၀၀ ဖြင့် ပြေးဆွဲမှုများ ရှိလာခဲ့ကြောင်း၊ အဆိုပါ ၀န်ဆောင်မှု
မှာ ယခုအခါ ပပျောက်သွားပြီဟု ခရီးသည်များက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ဆင်းရဲမွဲတေမှုပပျောက်ရေး အကောင်ထည် ဖော်ဆောင်ရွက်နေချိန်
တွင် လူအများစု နေ့စဉ်အသုံးပြုနေသည့် သယ်ယူပို့ ဆောင်ရေးစနစ်တွင် စီးပွားရေးဆန်ဆန်
နှစ်ပေါင်းများစွာ လုပ်ဆောင်မှုများ ရပ်ဆိုင်းပြီး အများပြည်သူဗဟိုပြုသည့် သက်သာချောင်ချိကာ
လူအများနှင့် လက်လှမ်းမီသော သယ်ယူ ပို့ဆောင်ခများကိုသာ အသုံးပြုဆောင်ရွက်စေလိုကြောင်း
ခရီးသွားများက ဆိုသည်။

ဘီအာရ်တီစနစ်တွင် ပါ၀င်ဆောင်ရွက်ရန်အတွက် ဘက်စုံမြင်ကွင်းကုမ္ပဏီက အဆိုပြုလွှာတင်သွင်း
ထားပြီး ၎င်းအဆိုပြုလွှာအရ ကုမ္ပဏီက အဆိုပါလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ခုနစ်သန်း
ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အသုံးပြုရန်အတွက် ကိုရီးယားနိုင်ငံထုတ် စီအင်န်ဂျီသုံး
ခရီးသည်တင်ယာဉ် ၉၄ စီးကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ဘီအာရ်တီစနစ်အား အကောင်ထည်ဖော်ရာတွင် မြို့နေပြည်သူများ သွားလာရေးလွယ်ကူသော်
လည်း နိုင်ငံတကာ ဘီအာရ်တီစနစ် အသုံးပြုသည့် လမ်းကြောပုံစံအတိုင်း ဆောင်ရွက်သွားမည်
ဆိုပါက လမ်းကြောပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်နိုင်ကြောင်း လမ်းကန်ထရိုက်ဟောင်း တစ်ဦးက
ပြောသည်။

"နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဘီအာရ်တီစနစ်က ခရီးစဉ်ကို အချိန်မကုန်ဘဲသွားနိုင်တယ်။
ပြည်ပနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ လမ်းတွေက အစကတည်းက ကားသွားလို့ရတဲ့ လမ်းတွေက
အများကြီး လုပ်ထားတယ်။ အခု ကျင့်သုံးမယ်ဆိုတဲ့ ကားလမ်းကြောက ပြည်လမ်းပေါ်မှာလုပ်မယ်
ဆိုပြီးတော့ ပြောနေကြတယ်။ ပြည်လမ်းက ခြောက်လမ်းသွားဆိုတော့ ဘီအာရ်တီစနစ်သုံး
ကားတွေသွားဖို့ကို နိုင်ငံတကာနည်းတူ ခြံကာထားမယ်လို့လည်း သိထားတယ်။ အဲဒီလို
လုပ်ရင်တော့ လမ်းကြောတွေ အခုထက်ပို ပိတ်သွားနိုင်တယ်" ဟုဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး