တရားမဝင် တင်ဆောင်လာသည့် ကျွန်းသစ် ခွဲသားများ လှည်းကူးမြို့နယ်တွင် ဖမ်းမိ

တရားမဝင် တင်ဆောင်လာသည့် ကျွန်းသစ် ခွဲသားများ လှည်းကူးမြို့နယ်တွင် ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော ရန်ကုန်မြောက်ပိုင်း
ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး၊ လှည်းကူးမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊
အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိနှင့် ၀န်ထမ်းများပူးပေါင်း ပါ၀င်သော အဖွဲ့ သည်
ဩဂုတ် ၂၁ ရက်နေ့ ၂၂း၂၀ နာရီ ခန့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်
စောင့်ကြည့် လှည့်လည် စစ်ဆေးခြင်း ဆောင်ရွက်စဉ် မိုင်တိုင် အမှတ် (၂၀/၁) အနောက်ဘက်
တစ် ဖာလုံခန့်အကွာ မြေလမ်းအတွင်း ရပ်တန့်ထားသော တရားမဝင် ကျွန်းသစ် ခွဲသားများ
တင်ဆောင်ထားသည့် ယာဉ်အမှတ် ၄ဂ/၂၈၁၇ တပ်ဆင်ထားသော Mazada MPV အဖြူရောင်
ယာဉ်တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ၁၅၈၂၀၁၃ ရက်နေ့ ၀၀း၄၀ နာရီတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှ မောင်းနှင်
လာသော ယာဉ်အမှတ် ၈ဈ/၄၀၆၈ တပ်ဆင်ထားသော Super Custom ယာဉ်အား အမှတ် (၇)
လမ်းမကြီး (မြို့ရှောင်လမ်း) မိုင်တိုင် အမှတ် (၄/၀) တွင် မရားမဝင် ကျွန်းသစ်ခွဲသားများနှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။

၁၇-၈-၂၀၁၃ ရက်နေ့ နံနက် ၀၇းဝဝ နာရီတွင် ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်
(၂၅/၁) အနောက်ဘက်ခြမ်း မြေလမ်းတွင် တရားမဝင်သစ် တင်ဆောင်သည်ဟု ယူဆရသည့်
ယာဉ်အမှတ် ၈ည/၂၈၉၆ တပ်ဆင်ထားသော Super Custom ယာဉ်အား သိမ်းဆည်းရမိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး