မှုခင်းကျဆင်းရေး လက်ကမ်း စာစောင်များဖြန့်

မှုခင်းကျဆင်းရေး လက်ကမ်း စာစောင်များဖြန့်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် မှုခင်းကျဆင်းရေးနှင့်ပတ်သက်၍ ပြည်သူ
လူထုသို့ အသိပညာပေးရေး လက်ကမ်းစာစောင်များကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ခါ
ဖြန့်ဝေ အသိပညာပေးမှုများပြုလုပ် ဆောင်ရွက်နေပြီ ဖြစ်သည်။

"အောက်တိုဘာလ ၁ ရက်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ
ရှိတဲ့ ခရိုင်လေးခရိုင်က မြို့နယ် ၄၄ မြို့နယ်ကို မှုခင်းကျဆင်းရေးအသိပညာပေး ကြိုတင်ကာကွယ်
ရေးနည်းလမ်းတွေပါတဲ့ လက် ကမ်းစာစောင်တွေကို မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ က ဖြန့်ဝေပေးနေပါပြီ"
ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် လူသတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများဖြစ်
သည့် စိတ်ဝေဒနာများ အချိန်မီကုသမှုမရှိ၍ ကျူးလွန်ခြင်း၊ အလိုရမ္မက်ကို ကြိုတင်ထိန်းသိမ်းနိုင်မှု
မရှိ၍ ကျူးလွန်ခြင်း၊ မိန်းမကိစ္စ ကြောင့်ကျူးလွန်ခြင်း၊ အသေးအမွှားကိစ္စကို နာကြည်းမှုအဖြစ်
ဖန်တီး၍ ကျူးလွန်ခြင်း၊ ရန်ငြိုး ရန်စကြောင့် ကျူးလွန်ခြင်းများပါ၀င်ပြီး ကြိုတင် ကာကွယ်မှု
နည်းလမ်းများဖြစ်သည့် တစ်ဦးနှင့် တစ်ဦး သဘောထားကြီးစွာဆက်ဆံရန်၊ ခွင့်လွှတ်စိတ်ဖြင့်
ဆက်ဆံရန်နှင့် ဒေါသစိတ်ဖြစ်ပေါ်လာပါက အလျင်စလို ချက်ချင်းဆုံးဖြတ်ခြင်းမပြုဘဲ တည်ငြိမ်စွာ
စဉ်းစားရန်တို့ကို ဖော်ပြထားသည်။

မုဒိမ်းမှုကျူးလွန်ရာတွင် ဖခင်မှ သမီးအရင်း၊ ပထွေးမှ မယားပါသမီးနှင့် ဆွေမျိုးသားချင်းများ
အချင်းချင်းလည်း ကျူးလွန်မှုများရှိပြီး ကြိုတင်ကာကွယ်မှုနည်းလမ်းအနေဖြင့် အမျိုးသမီးများ
နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် နေအိမ်တံခါး အိပ်ခန်း ကန့်လန်ွှထိုး နေထိုင်ရန်၊ တစ်ဦး
တစ်ယောက်တည်း နေထိုင်ချိန်တွင် အားနာမှုလွန်ကဲ၍ အိမ်အတွင်းသို့ အလွယ်တစ်ကူ
၀င်ရောက်ခွင့် မပြုရန်နှင့် ညအချိန်တွင် အုပ်ထိန်းသူမရှိပါက မိန်းမဖော်နှင့်အတူ အိပ်စက်နေထိုင်
ရန်၊ မိဘများအနေဖြင့် မိဘအုပ်ထိန်းမှု အောက်ရှိ သမီးငယ်များကို မျက်ကွယ်၌ နေထိုင်ခြင်း၊
နေအိမ်တွင် တစ်ဦးတည်းထားရှိခြင်းက အန္တရာယ်ဖြစ်စေသည်ကို သတိပြုရန် လိုအပ်ကြောင်း
ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး