အဲကွန်းမြို့ပတ်ရထား ပြေးဆွဲတော့မည်

အဲကွန်းမြို့ပတ်ရထား ပြေးဆွဲတော့မည်

ရန်ကုန်မြို့တွင်းပြေးဆွဲမည့် အဆင့်မြင့်အဲကွန်း မြို့ပတ် အထူးရထားကို ယခုလ ပထမပတ် အတွင်း
စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားပို့ဆောင်ရေး ရန်ကုန်ဘူတာကြီးမှ ဒုတိယ
ရုံပိုင်ချုပ် ဦးရဲသျှမ်းကပြောသည်။

"ဒီပထမပတ်အတွင်း စပြီးပြေးဆွဲမယ်။ ၅ ရက်နေ့လောက် ပြေးဆွဲဖြစ်ချင်ဖြစ်မယ်"ဟု ၎င်းက
ပြောသည်။

ယခင် မြို့တစ်ပတ်သွားပြန် ရထားလက်မှတ် နှုန်းကို လူတစ်ဦး ကျပ် ၃၀၀ နှုန်းနှင့်ပြေးဆွဲရန် ယာယီ
စီစဉ်ထားခဲ့သော်လည်း ယခုအခါ တစ်ဦးလျှင် မြို့တစ်ပတ် ကျပ် ၄၀၀ ဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားသားများအတွက် မြို့တစ်ပတ်လျှင် နှစ်ဒေါ်လာကျသင့်မည်ဖြစ်သည်။

အဆင့်မြင့် အဲကွန်းမြို့ပတ် အထူးရထားကို ရန်ကုန်ဘူတာကြီးမှစတင်ပြီး ကြည့်မြင်တိုင်၊ ကမာရွတ်၊
သမိုင်း၊ အင်းစိန်၊ တညင်းကုန်း၊ မင်္ဂလာဒုံ၊ ပုရွက်ဆိတ်ကုန်း၊ တံတားလေး၊ ကံဘဲ့၊ မလွှကုန်း၊
ပုဇွန်တောင်ဘူတာတို့တွင် ရပ်နားသွားမည်ဖြစ်သည်။

နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်အထိ ပြေးဆွဲ ပေးမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး