ရန်ကုန်တိုင်းဒေသကြီး၌ ကိုးလတာကာလအတွင်း မုဒိမ်းမှု ၁၁၄ မှုအပါအဝင် အမှုပေါင်း ၂၅,၂၉၆ မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၌ ကိုးလတာကာလအတွင်း မုဒိမ်းမှု ၁၁၄ မှုအပါအဝင် အမှုပေါင်း ၂၅,၂၉၆ မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ကိုးလတာကာလအတွင်း မုဒိမ်းမှုဖြစ်ပွားမှုနှုန်းမှာ ၁၁၄ မှု
ဖြစ်ပွားခဲ့ပြီး အမှုပေါင်း ၂၅,၂၉၆ မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်
များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ
စက်တင်ဘာလ ၃၁ ရက်နေ့ အထိ ဖြစ်ပွားခဲ့သည့် အမှုများတွင် လူသတ်မှု ၉၂ မှု၊ ဓားပြမှု သုံးမှု၊
လုယက်မှု ၂၀ မှု၊ မုဒိမ်းမှု ၁၁၄ မှု၊ ဖောက်ထွင်းမှု ၁၀ မှု တို့ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့် အမှု
၁၉၉ မှု၊ ပိတ်သိမ်းမှု ငါးမှု နှင့် လက်ကျန် ၃၅ မှုရှိခဲ့သည်။

အခြားအမှုများဖြစ်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေဖြင့် အရေးယူမှု ၆၁ မှု၊
စက်ဘီးခိုးမှု ၁၀ မှု၊ ဆိုင်ကယ်ခိုးမှု ၃၈ မှု၊ ကားခိုးမှု ၄၁ မှု၊ ခါးပိုက်နှိုက်မှု ၆၂ မှု၊ ခိုးမှု(ရိုးရိုး) ၆၁၇ မှု၊
လုယက်ခိုးမှု ၅၁ မှု၊ နာကျင်စေမှု(ရိုးရိုး) ၂,၀၁၅ မှု၊ ယာဉ်ကြောင့် နာကျင်စေမှု ၁,၇၉၉ မှုနှင့်
ကျန်အခြားမှု ၅,၀၆၁ မှု တို့ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့် အမှု ရ,၃၃၉ မှု၊ ပိတ်သိမ်းမှု ၃၃၃ မှု၊
လက်ကျန်အမှု ၂,၀၈၃ မှု ရှိခဲ့သည်။

ကြိုတင်ကာကွယ်မှုများဖြစ်သည့် လောင်းကစားမှု ရ၉၈ မှု၊လက်နက် ပုန်း ၄၇၂ မှု၊ ယစ်မျိုးမှု
၂,၇၅၃ မှု၊ ပြည့်တန်ဆာမှု ၁,၁၀၂ မှု၊ မူးယစ်ဆေးဝါးမှု ၂၁၂ မှု၊ ခြေချုပ်ဖောက်ဖျက်မှု ၃၂၀ မှု၊
ရဲအက် ရ,၄၃၁ မှု၊ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၅၄ အရ အရေးယူမှု ၁,၇၅၅ မှု၊ ဆင်ဆာမဲ့
ဗီဒီယိုအခွေ ဖမ်းဆီးအရေးယူမှု ၄၅၉ မှု တို့ကိုအရေးယူခဲ့ပြီး တရားစွဲဆိုတင်ပို့မှု ၁၄,၉၁၈ မှု၊
ပိတ်သိမ်းမှု ၁၂၇ မှု၊ လက်ကျန်မှု ၂၅၇ မှု တို့ရှိခဲ့ကြောင်း သိရသည်။

မိမိပတ်ဝန်းကျင်တွင် ခိုးရာပါပစ္စည်းများနှင့် အစိုးရမှ ပြဋ္ဌာန်းထားသော ပစ္စည်များကို လက်ခံထုခွဲ
ရောင်းချခြင်း၊ ထုခွဲပေးခြင်း၊ ဓားပြ၊လုယက်၊ ဆိုးသွမ်းသူများသတင်း၊ ရပ်ကွက်ကျေးရွာအတွင်း
ဧည့်စိမ်းများဝင်ရောက်သွားလာမှုအား စောင့်ကြည့်သတင်းပေးခြင်း၊ မိမိတို့ရပ်ကွက်အတွင်း ခိုး၊ ဆိုး၊
လုယက်၊ ခါးပိုက်နှိုက်များကို လက်ခံထားသူများ အားကူညီအားပေးသူများသတင်း၊ လက်နက်ကိုင်
သောင်းကျန်းသူများ သတင်း၊ လောင်းကစားမှုများသတင်း၊ တရားခံပြေး၊ ရဲဘက်ပြေး၊ စစ်ပြေး၊
ရဲပြေးသတင်းများနှင့် လိုင်စင်မဲ့လက် နက်ခဲယမ်းမီးကျောက်များ လက်ဝယ်ထားရှိမှု၊ မူးယစ်ဆေးဝါး
သတင်းများ နှင့် ဖောက်ခွဲမှုပြုလုပ်မှုများကို ကြိုတင်သိရှိပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်နှင့်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့များထံ ဆက်သွယ် သတင်းပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး