မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူ ငါးဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထား

မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူ ငါးဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထား

ခွင့်ပြုချက်မရဘဲ ရန်ကုန်မြို့လယ်တွင် သပိတ်စခန်းဖွင့်ခဲ့သည့် မိကျောင်းကန်ရပ်ကွက်မှ ပြည်သူ
များအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း
သိရသည်။

"မိကျောင်းကန် သပိတ်စခန်းအတွက် လူ ငါးဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်" ဟု ကျောက်တံတားမြို့နယ်
ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။

"အောက်တိုဘာလ ၅ ရက်နေ့ညက ဒီက တောင်ဒဂုံမြို့နယ် စခန်းမှူးလာပြီး ကျွန်မတို့ကို အမှုဖွင့်
ထားကြောင်း လာပြောသွားပါတယ်။ ကျောက်တံတားရဲစခန်းက ဖွင့်တာပါ။ ကျွန်မတို့ကတော့
သူတို့ဘက်က ကြံုရာလူကို ကောက်သင်းကောက်ပြီး အမှုဖွင့်သလို ဖြစ်နေတဲ့အတွက် တကယ်လို့
အရေးယူမယ်ဆိုလည်း အယောက် ၆၀၀ စလုံးကို တစ်ပြေးညီ အရေးယူဖို့ ပြောထားပါတယ်" ဟု
မနေနွယ်သန်းက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက်တွင် နေထိုင်သူများက ၁၉၉၁ ခုနှစ်တွင် တပ်မတော်
က ၎င်းတို့မြေများအား သိမ်းယူခဲ့သည့်အတွက် ပြန်လည်ဆောင်ရွက်ပေးရန် ခုနစ်ကြိမ် ဆန္ဒထုတ်
ဖော်ခဲ့ကြပြီး အောက်တိုဘာလ ၂ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံ နံဘေး၌ သပိတ်စခန်းဖွင့်လှစ်ခဲ့
ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ခွင့်ပြုမိန့်တင်နေရင် မရမှာ စိုးတာနဲ့၊ ကြာနေမှာစိုးတာနဲ့ မတင်ခဲ့ဘူး။ အဖမ်းခံရမယ်
ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဖမ်းလည်း လုပ်ရမှာပဲ" ဟု ဦးကျော်လွင်က အောက်တိုဘာလ
၂ ရက်နေ့ သပိတ်စခန်း စတင်စဉ်က ပြောခဲ့သည်။

လူဦးရေများပြားသည့် မိကျောင်းကန် သပိတ်စခန်း ဖွင့်လှစ်သည့်နေ့မှ သုံးရက်မြောက်နေ့အထိ
အဆိုပါ သပိတ်စခန်းအား ဖျက်သိမ်းပေးရန်၊ အကယ်၍ ဂရန်ပိုင်ဆိုင်ခဲ့ဖူးပါက ဂရန် နှင့် အခြား
အထောက်အထားများပြသရန် နယ်စပ်ဒေသနှင့် လုံခြံုရေးဝန်ကြီးအပါအဝင် အာဏာပိုင်များက
ပြောခဲ့သော်လည်း နေထိုင်သူများနှင့် ညှိနှိုင်းပြေလည်မှု မရရှိခဲ့ပေ။

အောက်တိုဘာလ ၅ ရက်နေ့တွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး
ကော်မရှင်မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်နှင့် ဦးအောင်သိန်းလင်းတို့
က နေထိုင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အမြန်ဆုံး ဖြေရှင်းပေးမည်ဟု ကတိပေးသည့်အတွက်
မွန်းလွဲ ၁ နာရီ တွင် သပိတ်စခန်းကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး