စီးတီးတက္ကစီများနှင့် ပတ်သက်၍ စည်းကမ်းချက်များကို သက်ဆိုင်ရာက ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးသင့်

စီးတီးတက္ကစီများနှင့် ပတ်သက်၍ စည်းကမ်းချက်များကို သက်ဆိုင်ရာက ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးသင့်

တက္ကစီယာဉ်များနှင့် ပတ်သက်၍ စီးတီးတက္ကစီ ရိုက်နှိပ်ရန်အပါအဝင် အခြားထုတ်ပြန်သော
စည်းကမ်းချက်များကို နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် အများသိစေရန်
ထုတ်ပြန်ကြေညာသင့်ကြောင်း တက္ကစီ ယာဉ်မောင်းများ ကပြောသည်။

စီးတီးတက္ကစီ တံဆိပ်ရိုက်နှိပ်ရန်အတွက် မူလက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက
တာဝန်ယူထားခြင်းဖြစ်သော်လည်း ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်လုပ်ငန်း
ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဗဟိုက လွှဲပြောင်း လုပ်ကိုင်မည်ဟု သက်ဆိုင်ရာက
ထုတ် ပြန် ကြေညာခဲ့သည်။

သို့သော် အကြောင်းကြောင်းကြောင့် မြို့တော်စည်ပင်ကပင် ဆက်လက်လုပ်ကိုင်ခဲ့သည်။

သို့ရာတွင် မြို့တော်စည်ပင်က ပြန်လည် လုပ်ကိုင်ဆောင်ရွက်ပေးမည်ဆိုသည့် အကြောင်းကို
မြို့တော်သတင်းစာတွင် ကြေညာခဲ့သော်လည်း အခြားသတင်းစာများတွင် ကြေညာခဲ့ခြင်းမရှိသော
ကြောင့် တက္ကစီယာဉ်မောင်းများမှာ စီးတီးတက္ကစီ တံဆိပ်ရိုက်နှိပ်ရန် နောက်ကျသည့်အတွက်
ဒဏ်ရိုက်ခံရခြင်းများ ရှိခဲ့သည်။

"လက်ရှိမှာ ကျွန်တော်တို့က ကားအသစ်နဲ့ အဟောင်းလဲနေကြတာ။ အဲဒီအတွက် စီးတီးတက္ကစီ
လုပ်ဖို့သွားမေးတယ်။ စည်ပင်က သူတို့မလုပ်သေးဘူး။ မထသကို လွှဲထားတယ် ပြောတယ်။
မထသမှာလည်း ဘယ်ဌာနမှာ သွားလုပ်ရမှန်းမသိဘူး။ ဖမ်းမှပဲသိတော့တယ်။ မထသက
ဆက်လုပ်မယ်ဆိုလို့ ကက၊ ခခ ခေတ်က တက္ကစီ တွေတောင် သက်တမ်းထပ်မတိုးထားတာ
အများကြီးရှိတယ်။ မထသကို မလွှဲတော့ဘူးဆိုတာလည်း မသိလိုက်ဘူး" ဟု တက္ကစီယာဉ်မောင်း
ဦးကိုကိုက ပြောသည်။

"အမှန်က အငှားယာဉ်တွေ အတွက် စလုပ်ရမယ့်ရက်နဲ့ နောက်ဆုံးထားလုပ်ရမယ့် ရက်တွေကို
သတင်းစာ၊ တီဗီ စတာတွေမှာ ကြေညာသင့်တယ်။ အမိန့်တစ်ခုကို ကြိုတင်ထုတ်ပြီး မလိုက်နာ
တော့မှ အရေးယူစေချင်တယ်။ ဖမ်းတော့ ကျွန်တော်တို့ ဒဏ်ငွေ ကျပ် ၅၁,၅၀၀ ဆောင်ရတယ်။
ဘယ်နေ့စဖမ်းမယ်၊ ပညာပေးကာလက ဘယ်လောက်စသဖြင့် ပြောသင့်တယ်" ဟု တက္ကစီ
ယာဉ်မောင်း ဦးမောင်မောင်က ပြောသည်။

"တက္ကစီတွေကို မထသကိုပြောင်း မယ်ဆိုပြီး လုပ်လိုက်သေးတဲ့အတွက် ကြားထဲမှာ အစီအစဉ်က
နည်းနည်းဟ သွားတာကတော့ ကျွန်တော်တို့ရဲ့ အားနည်းချက်ပါ။ လက်ရှိမှာတော့ စည်ပင်ကပဲ
လုပ်ပေးနေပါတယ်။ သက်ဆိုင်ရာ ခရိုင်အလိုက် အထွေထွေ အုပ်ချုပ်ရေးခရိုင်ရုံးတွေမှာ တစ်ရက်
ကိုကားအစီးရေ ၁၅၀ ကနေ ၂၀၀ ကြားလုပ်ပေးနေပါတယ်။ ဒီထက်များ များ တန်းစီခိုင်းထားရင်
လည်း လမ်းပိတ်မှာစိုးလို့ပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန် ဌာနမှ
ဒုတိယ ဌာနမှူး ဦးညီညီဦးက ပြောသည်။ တံဆိပ်ရိုက်နှိပ်ရာတွင် တန်းစီစောင့် ဆိုင်းရခြင်းအတွက်
အလုပ်ပျက်သည် ဟုယူဆကာ ပွဲစားမှတစ်ဆင့်လုပ်ခိုင်းခြျင်းများရှိနေပြီး ယခုမှစတင်၍ တက္ကစီ
တံဆိပ်ရိုက်နှိပ်မည့် ကားအသစ်များအနေဖြင့် ပွဲစားခ ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ၀န်းကျင်ကြား
ကျသင့်ကြောင်းလည်း သိရသည်။

တက္ကစီယာဉ်များကို ကက၊ ခခ၊ စသည်ဖြင့် သတ်မှတ်ထားခဲ့သော်လည်း ကားတင်သွင်းခွင့်မူဝါဒ
ချမှတ်ပြီးနောက်ပိုင်း တက္ကစီအဖြစ်သွင်းလာသောယာဉ်များကို အေအေ၊ ဘီဘီ၊ စီစီ အဖြစ်
ပြောင်းလဲသတ်မှတ်ပြီ နောက်ပိုင်းတွင် အဆိုပါကားများအတွက် စီးတီးတက္ကစီ ရိုက်နှိပ်ရန်မလိုဟု
ထင်နေကြသူများလည်း ရှိနေသည််။

"အမှန်ကတော့ တက္ကစီအားလုံး စီးတီးတက္ကစီ လုပ်ရမှာပါ။ ကုမ္ပဏီတွေက အရစ်ကျဝယ်ထားတဲ့
ကားတွေအနေနဲ့လည်း သူတို့က ငွေမကျေသေးလို့ အုံနာစာအုပ် မရသေးရင် ကုမ္ပဏီက သူတို့
ကိုယ်စားလုပ်ပေးရမယ်" ဟု ဦးညီညီဦး ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး