အုပ်စုဖွဲ့ လူသတ်မှုဖြင့် စွဲချက်တင်ခံရသူများအနက် ၁၆ ဦး၏ အယူခံတင်မှုကို တရားလွှတ်တော်က လက်ခံ

အုပ်စုဖွဲ့ လူသတ်မှုဖြင့် စွဲချက်တင်ခံရသူများအနက် ၁၆ ဦး၏ အယူခံတင်မှုကို တရားလွှတ်တော်က လက်ခံ

မြောက်ဥက္ကလာပမြို့နယ်၌ အုပ်စုဖွဲ့ လူသတ်ခဲ့သည် ဆိုမှုဖြင့် စွဲချက်တင်ခံရသူများထဲမှ ၁၆ ဦးက
အဆိုပါ စွဲချက်အမိန့်ကို မကျေနပ်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပယ်ဖျက်ပေးရန်
အကျိုးဆောင်များမှတစ်ဆင့် ပြင်ဆင်မှု တင်သွင်းခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရပ်ကွက်ရှိ အရက်ဆိုင် တစ်ဆိုင်တွင် လူတစ်ဦးအား အုပ်စုဖွဲ့
ရိုက်နှက်သတ်ဖြတ်ခဲ့သည် ဆိုမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရသူ ၂၃ ဦးတို့ အပေါ် ရန်ကုန်
မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး(၂)၏ ရုံးက စက်တင်ဘာလ ၁၀ ရက်နေ့က ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် အသီးသီးစွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ စွဲချက်တင်သည့် အမိန့်ကို စွဲချက်တင်ခြင်းခံရသူ ၂၃ ဦး အနက်မှ ၁၆ ဦးက မကျေနပ်၍
၎င်းတို့၏အကျိုး ဆောင်းများမှတစ်ဆင့် ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်
သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ တရားလွှတ်တော်က လက်ခံခဲ့ကြောင်းအမိန့်ချမှတ်ခဲ့ပြီး ကြားနာ
စစ်ဆေးရန် အတွက် အမှုတွဲတောင်ခံထားကြောင်းသိရသည်။

တရားလွှတ်တော်တွင် တရားခံများ၏ အကျိုးဆောင်များ၊ ဥပဒေအရာရှိများနှင့် နှစ်ဖက်
အကျိုးဆောင်များ၏ လျှောက်လဲချက်များကို ကြားနာပြီး အမိန့်ချမှတ်ပြီးမှသာ မူလရုံးဖြစ်သည့်
မြောက်ပိုင်းခရိုင် တရားရုံးက အမှုကို ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး