သျှရီသျှရီ ဒူရ်ဂါဘာရီ ဘုရားကျောင်းတွင် စန္ဒီမယ်တော်ပူဇော်ပွဲတော် ကျင်းပ

သျှရီသျှရီ ဒူရ်ဂါဘာရီ ဘုရားကျောင်းတွင် စန္ဒီမယ်တော်ပူဇော်ပွဲတော် ကျင်းပ

စန္ဒီမယ်တော်ပူဇော်ပွဲတော်ကို ဗိုလ်အောင်ကျော်လမ်းရှိ သျှရီသျှရီ ဒူရ်ဂါဘာရီ ဘုရားကျောင်းတွင်
အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အောင်မြင်စွာကျင်းပခဲ့သည်။

"နှစ်စဉ်ကျင်းပတဲ့ မယ်တော်ကို ပူဇော်တဲ့ပွဲပါပဲ။ ဒီနှစ်ကတော့ ဒီဘုရားကျောင်းတည်ထောင်တာ
၁၂၅ နှစ်ပြည့်တဲ့ နှစ်နဲ့လည်း တိုက်ဆိုင်တဲ့အတွက် ပိုပြီးထူးခြားတယ်လို့ဆိုရမှာပေါ့" ဟု ပူဇော်ပွဲ
ဖွင့်ပွဲအခမ်းအနား တာဝန်ခံ ဦးကျော်နိုင် ကပြောသည်။

မြန်မာနိုင်ငံအတွင်း ဟိန္ဒူဘုရားကျောင်းပေါင်း ၄,၀၀၀ နီးပါးရှိကြောင်းနှင့် ဟိန္ဒူဘာသာဝင်ပေါင်း
၁ ဒသမ ၃ သန်းရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် အတွင်းရေးမှူး
ဦးကျော်သူ က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး