သင်္ဘောပေါ်တွင် သေဆုံးသည့် သင်္ဘောသားအတွက် လျော်ကြေးရရန် ဇနီးဖြစ်သူက သက်ဆိုင်ရာသို့ အကူအညီတောင်းခံ

သင်္ဘောပေါ်တွင် သေဆုံးသည့် သင်္ဘောသားအတွက် လျော်ကြေးရရန် ဇနီးဖြစ်သူက သက်ဆိုင်ရာသို့ အကူအညီတောင်းခံ

ပင်လယ်ကူးသင်္ဘောပေါ်တွင် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့သည့် ဆိုမှုကို သက်ဆိုင်ရာ သင်္ဘော ကုမ္ပဏီ မှလျော်ကြေးငွေထုတ်ပေးခဲ့ခြင်းမရှိကြောင်း သေဆုံးသူ၏ဇနီးဖြစ်သူက သင်္ဘောသား ဌာနခွဲ ညွန့်ကြား
ရေးမှူးထံတိုင်ကြားသည့် အကြောင်းကြားစာ တွင်ဖော်ပြ ထားသည်။

" သေဆုံးသူ FRT ဂျင်မီကျော် က ဒေသခံကိုယ်စားလှယ် Century shippin .co.,ltd နဲ့ စာချုပ်
ချုပ်ဆိုထားပြီး Yuantai Fuel Trading Pte. Ltd ykdif MT.Soonwah (sw.2) သင်္ဘောနဲ့ ပြီးခဲ့
တဲ့နှစ် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က ထွက်ခွာသွားတယ်။ နို၀င်ဘာလ ၁၁ ရက်နေ့ ထိုင်ဝမ်း
စံတော်ချိန် ၃ နာရီခွဲ အချိန်မှာသေဆုံးသွားတယ်။ အဲဒီလိုသေဆုံးတာကို သင်္ဘောအရာရှိ ဦးခင်ဇော်
က နောက်တစ်နေ့မှာ အီးမေးနဲ့ပိုပြီး အကြောင်းကြားခဲ့တယ်။

အလောင်းကို နို၀င်ဘာလ ၂၆ ရက်နေ့မှာ ထိုင်ဝမ်းနိုင်ငံ Kceelung ဆိပ်ကမ်းမှာ ထားခဲ့တယ်။
သေဆုံးသူရဲ့ဇနီးဖြစ်သူ မခင်မြတ်စိုး ရဲ့မတ်ဖြစ်သူ ကိုတင်ရွှေ(ခ)ရမ်ဝမ်ဒီ ကမီးသဂြိုလ်ပေးခဲ့ပြီး
အရိုးအိုးကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ပြန်ပို့ခဲ့တယ်"ဟု သေဆုံးသူ ၏မိတ်ဆွေဖြစ်
သူ တစ်ဦးကပြောသည်။

သေဆုံးသူ၏ဇနီးဖြစ်သူကလည်း " ခင်ပွန်းသေဆုံးတာကို သင်္ဘောအရာရှိက ပထမအကြောင်း
ကြားတော့ ဆီးချိုရောဂါနဲ့သေတယ်ဆိုပြီးတော့ပြောတယ်။ ခင်ပွန်းနဲ့အလုပ်အတူလုပ်ကိုင်သူပြန်
ရောက်တော့သွားမေးတယ်။ မဆုံးခင်အထိ ဆီးချိုတိုင်းခဲ့သေးတယ်။ ဆီးချိုစက်မှာတိုင်းတဲ့ရက်နဲ့
အချိန်က သင်္ဘောအရာရှိပြောတဲ့ ရက်နဲ့ကွာနေတဲ့အတွက် ကြောင့် သေဆုံးတဲ့ရက်ကိုအတိအ
ကျ မသိခဲ့ရဘူး။

ဆီးချိုကြောင့် သေဆုံးမှုဖြစ်ခြင်းကြောင့် လျော်ကြေးမရရှိဘူးလို့ Century shipping .co.,ltd
ဒေသခံကိုယ်စားလှယ် ဦးသိန်းထွန်းကစာပို့တယ်။ ခင်ပွန်းအလောင်းကို ခွဲပြီးစစ်ဆေးတုန်းက
ဆေးစစ်ချက်မှာ ဆီးချိုကြောင့် သေတာမဟုတ်ဘူး။ The Heart because of shock / Doubt
myocardial Infarction / Diabetes Melititusလို့ဖော်ပြထားတယ်။ နှလုံးနဲ့ပတ်သတ်လို့တဲ့ရော
ဂါလည်းမရှိဘူး။ သင်္ဘောမထွက်ခင်ဆေးစစ်တုန်းကတောင်ဒီရောဂါမရှိခဲ့ဘူး" ဟု မခင်မြတ်စိုးက
ပြောသည်။

သေဆုံးသူတွင်ဆီးချိုရောဂါကြောင့် သေဆုံးခဲ့ခြင်းဟု ကောက်ချက်ချခဲ့ခြင်းကြောင့် သတ်ဆိုင်ရာ
ကုမ္ပဏီမှ သတ်မှတ်ထားသည့် လျော်ကြေးငွေ အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ ရရှိခဲ့ခြင်းမရှိခဲ့ကြောင်း၊
သင်္ဘောအရာရှိ ဦးခင်ဇော်မှ ခင်ပွန်းဖြစ်သူ၏ C.D.C ကိုပြန်မပေးခဲ့ကြောင်း၊သက်ဆိုင်ရာအဖွဲ့
အစည်းများကို တိုင်ကြားခဲ့သော်လည်း ခင်ပွန်းဖြစ်သူသေဆုံးမှုနှင့်ပတ်သတ်သည့် လျော်ကြေးငွေ
တစ်စုံတစ်ရာမရရှိခဲ့ကြောင်း၊ မေလ တွင်မြန်မာနိုင်ငံပင် လယ်ပျော် များသမဂ္ဂအဖွဲ့ သို့သွားရောက်
တိုင်ကြားခဲ့ကြောင်း၊ ထိုသို့တိုင်ကြားပြီး နောက် ဇူလိုင်လ တွင် မြန်မာနိုင်ငံပင်လယ်ပျော်များ
သမဂ္ဂအဖွဲ့ ဥက္ကဌ ဦးအောင်သူရ ၏အကြံပြုချက်အရ လွန်ခဲ့သည့် သုံးနှစ်ခန့်က သေဆုံးသူဆေးစစ်
ခဲ့သည့် ဆေးအဖြေစာရွက်ကို သင်္ဘောကုမ္ပဏီသို့ပေးခိုင်းခဲ့ကြောင်း၊အဆိုပါ ဆေးစစ်ချိန်တွင်
သေဆုံးသူမှာ ဆီးချိုရောဂါဖြစ်နေသည့် ဆေးစစ်ချက်ပါရှိကြောင်း ညွန်ကြားရေးမှူး ထံတင်ပြသည့်
စာတွင်ဖော်ပြထားသည်။

" ဆေးစာပို့ဆို့လို့ ပို့လိုက်တယ်။ ဆေးစာပို့ပြီးတော့ ဩဂုတ်လထဲမှာ ကုမ္ပဏီက သေဆုံးသွားတဲ့
သင်္ဘောသားဟာ လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက ဆီးချို့ရောဂါဖြစ်နေ တယ် ဆိုတဲ့
အချက်ကြောင့် လျော်ကြေး မပေးနိုင်ဘူးလို့အကြောင်းပြန်ခဲ့တယ်။နောက်တော့ မြန်မာနိုင်ငံ
ပင်လယ်ကူးသင်္ဘောသားများ အသင်း(မိုဆာ)ကို စာတင်တယ်။

အဲဒီအကူညီနဲ့ သဘောင်္ကုမ္ပဏီက ဂရုဏာကြေး အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးတယ်။ဒါပေမယ့်
မယူခဲ့ပါဘူး။သင်္ဘောကုမ္ပဏီနဲ့ စာချုပ်ချုပ်ကတည်းက သင်္ဘောပေါ်မှဖြစ်တယ်ဆိုရင် သူသတ်မှတ်
တဲ့လျော်ကြေးကို ကုမ္ပဏီကလျော် ပေးရမယ်။ အခုဟာက သင်္ဘော မတက်ခင်ကတည်းလွန်ခဲ့တဲ့
သုံးနှစ်လောက်ကစစ်ထားတဲ့ ဆေးစာကိုပေးခဲ့မိလို့ ကုမ္ပဏီက ငွေပေးလျော်ဖို့ငြင်း ဆန်ခဲ့ပါတယ်။

အခုဒီကိစ္စကို ITF Inspector, Houston. ကိုအကူညီ တောင်ခံထားပါတယ်" ဟု သေဆုံးသူ၏
ဇနီး ကပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး