ဘူမိ အင်ဂျင်နီယာ သင်တန်း ရန်ကုန်၌ သုံးလကြာ ဖွင့်လှစ်မည်
ဘူမိ အင်ဂျင်နီယာသင်တန်း (Geotechnical Engineering Course) အဆင့်တစ်၊ သင်တန်း
အမှတ်စဉ်(၁၁)ကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းရုံးချုပ်၌ နိုဝင်ဘာလ ၁ ရက်နေ့တွင်
စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ သိရသည်။
အဆိုပါသင်တန်းကို အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ညနေ
၃ နာရီအထိ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလ သုံးလကြာမြင့်မည်ဖြစ်သည်။
စိတ်ပါ၀င်စားသူများအနေဖြင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ဖုန်း-(၀၁) ၅၁၉ ၆၇၃-၇၆ (လိုင်းခွဲ-
၅၀၁)၊ ၀၉ ၄၃၁၁၈၂၁၇ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
















