ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အီလက်ထရောနစ်ဆက်သွယ်ရေး ကွန်ယက်အတွင်း
ဆက်သွယ်မှုများကို ကြားဖြတ်ထောက် လှမ်းသည့် နေရာတစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာ
လ ၂၉ ရက်နေ့ထုတ် ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့သည်။
ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသည် အမေရိကန်အမျိုး
သားလုံခြံုရေးအဖွဲ့ (NSA) နှင့် ဗဟိုထောက် လှမ်းရေးအဖွဲ့(CIA)တို့က တိုက်ရိုက်ကိုင်တွယ်သည့်
သတ်မှတ်ဝန်ထမ်း ခန့်ထားထောက်လှမ်းရာ အခြေစိုက်စခန်း တစ်ခုဖြစ်ကြောင်း အင်အက်စ် အေ
(NSA)၏ အကြီးအကဲဟောင်းဖြစ်သူ အက်ဒဝတ်စနိုးဒင်ထံမှ ပေါက် ကြားသည့် မြေပုံတစ်ခုကို
ကိုးကားကာ ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သောစခန်းများသည် တယ်လီ ဖုန်းဆက်သွယ်မှုများ၊အီးမေးလ်ဆက်သွယ်မှုများနှင့် အခြား
အီလက်ထ ရောနစ် ဆက်သွယ်မှုများကို ကြားဖြတ်ထောက်လှမ်းမှုများ ကို ပြုလုပ်ကြောင်း၊ ကမ္ဘာ
တစ်ဝှန်းတွင် အလားတူ စခန်းပေါင်း ၉၀ ရှိပြီး စခန်း ရ၄ ခုတွင် သတ်မှတ်ဝန်ထမ်းများခန့်အပ်ထား
ကာ အဝေးထိန်းစနစ်ဖြင့် ထောက်လှမ်းသည့်နေရာ ၁၄ ခုနှင့် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးပေးမည့်
စခန်း ၂ ခုလည်း ပါ၀င်ကြောင်း သိရသည်။
ကြားဖြတ်ထောက်လှမ်းသည့်ကိစ္စကို သိရှိခြင်းမရှိသည့်အတွက် မှတ်ချက်ပေးစရာမရှိကြောင်း
နိုင်ငံတော်သမ္မတ၏ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က
ဆိုသည်။
အက်ဒဝတ်စနိုးဒင်ထံမှ ပေါက်ကြားသည့် အချက်လက်များတွင် အမေရိကန်ပြည်ထောင်စုသည်
၎င်း၏မဟာမိတ်နိုင်ငံများမှ အကြီးအကဲများ၏ ဖုန်းများကိုလည်း ကြားဖြတ်နားထောင်ခဲ့ကြောင်း
ပါ၀င်ခဲ့သဖြင့် လွန်ခဲ့သည့်တစ်လမှစ၍ အကြီးအကျယ် ဝေဖန်ခံနေရသည်။
သက်လှိုင်ဘာသာပြန်သည်။
















