ယခုနှစ် ၁၀ လအတွင်း လူသတ်မှုနှင့် အခြားအမှုပေါင်း ၂၈,၂၉၀ မှုအထိ ဖြစ်ပွားခဲ့

ယခုနှစ် ၁၀ လအတွင်း လူသတ်မှုနှင့် အခြားအမှုပေါင်း ၂၈,၂၉၀ မှုအထိ ဖြစ်ပွားခဲ့

အောက်တိုဘာလအတွင်း ဇနီးသည်က ခင်ပွန်းကို ဓားနှင့်ထိုးသတ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး
တစ်ဦးဒဏ်ရာရမှုများ အပါ၀င် ၁၀ လတာ ကာလအတွင်း လူသတ်မှုနှင့် အခြားအမှုပေါင်းများစွာ
ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် စာရင်းများများအရ
သိရသည်။

အောက်တိုဘာလ ၈ ရက်နေ့တွင် နံနက် ၁၁ နာရီအချိန်ခန့်က မှော်ဘီမြို့ နယ်နေ ရွှေမြယာ
ကျေးရွာနေ စိုးဝင်း (၅၄ နှစ်)နှင့် ဇနီးဖြစ်သူ မသန်းသန်းကြည် (၄၈ နှစ်)တို့ စကားများရန်ဖြစ်ကာ
ဇနီးဖြစ်သူက ဓားနှင့်ထိုးသဖြင့် ၀ဲရင်အုံ ထိုးသွင်းဒဏ်ရာရရှိ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်။

အလားတူ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲ ခန့်တွင် တောင်ဥက္ကလာပမြို့နယ် ပါရမီ
ခုံးကျော်တံတားအောက်တွင် မြောက်ဒဂုံမြို့နယ်နေ မြင့်ဌေး(ခ)နေဇော် (၂၇ နှစ်)နှင့် ဇနီးဖြစ်သူ
မအေးခိုင် (၂၄ နှစ်)တို့ စကားများရန်ဖြစ်ပြီး ခဲတံချွန် ခေါက်ဓားဖြင့် ဆွဲခြစ်ခဲ့ရာ လည်ပင်း ပြတ်ရှ
ဒဏ်ရာတစ်ချက်ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံ၌ တက်ရောက် ကုသခဲ့ရသည်။

ထိုနည်းတူ အောက်တို ဘာလ ၂၇ ရက်နေ့ လှည်းကူးမြို့နယ် ဆင်ဖုံရွာနေ အောင်ကျော်မိုး
(၃၆ နှစ်) နှင့် ဇနီးဖြစ်သူ အေးအေးခိုင်(၃၆ နှစ်) တို့ စကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူက ထရံတွင်
ထိုးထားသည့် ကြက်သွန်လှီး ဓားဖြင့် ထိုးခဲ့သဖြင့် လည်ပင်းပြတ်ရှရရှိကာ သေဆုံးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ မှ အောက်တို ဘာ ၃၁ ရက် ၁၀ လ
တာကာလအတွင်း ဖြစ်ပွားခဲ့သည့် အမှုများတွင် လူသတ်မှု ၁၀၂ မှု၊ ဓားပြမှု သုံးမှု၊ လုယက်မှု
၂၆ မှု၊ မုဒိမ်းမှု ၁၃၀ မှု၊ ဖောက်ထွင်းမှု ၁၁၊ တိရစ္ဆာန်ခိုးမှု တစ်မှုတို့ ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့်
အမှု ၂၂၈ ၊ ပိတ်သိမ်းမှု ခုနစ်မှုနှင့် လက်ကျန်မှု ၃၈ မှုရှိခဲ့ကြောင်း သိရသည်။

အခြားအမှုများဖြစ်သည့် ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေးဥပဒေဖြင့် အရေးယူမှု
၆၅ မှု၊ စက်ဘီးခိုးမှု ၁၃ မှု၊ ဆိုင်ကယ် ခိုးမှု ၄၅ မှု၊ ကားခိုးမှု ၄၃ မှု၊ ခါးပိုက် နှိုက်မှု ၆၆ မှု၊ ခိုးမှု(ရိုးရိုး)
ရ၀၀ မှု၊ လုယက် ခိုးမှု ၅၅ မှု၊ နာကျင်စေမှု(ရိုးရိုး) ၂,၂၃၇ မှု၊ ယာဉ်ကြောင့် နာကျင်စေမှု ၂,၀၄၂ မှု
နှင့် ကျန်အခြားမှု ၅,၆၅၂ မှုတို့ ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့် အမှု ရ,၈၅၉ မှု၊ ပိတ်သိမ်းမှု ၃၈၈ မှု၊
လက်ကျန်အမှု ၂,၆၇၁ မှုရှိခဲ့ပြီး ကြိုတင်ကာကွယ်မှုများ ဖြစ်သည့် လောင်းကစားမှု ၈၉၅ မှု၊
လက်နက်ပုန်း ၅၃၉ မှု၊ ယစ်မျိုး ၃,၁၁၂ မှု၊ ပြည့်တန်ဆာ ၁,၂၁၃ မှု၊ မူးယစ်ဆေး ၀ါး ၂၄၂ မှု၊
ခြေချုပ်ဖောက်ဖျက်မှု ၃၆၉ မှု၊ ရဲအက် ၈,၂၈၉ မှု၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ
အရေးယူ မှု ၁,၉၅၄ မှု၊ ဆင်ဆာမဲ့ ဗီဒီယိုအခွေ ဖမ်းဆီးအရေးယူမှု ၄၆၈ မှု တို့ကိုအရေး ယူခဲ့ပြီး
တရားစွဲဆိုတင်ပို့မှု ၁၆,၆၄၇ မှု၊ ပိတ်သိမ်းမှု ၁၄၀ မှု၊ လက်ကျန်မှု ၃၁၂ မှုတို့ ရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး