တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးသူကို ထောင်ဒဏ်နှစ်နှစ်ချမှတ်

တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ ပြည်ပနိုင်ငံများသို့ ပို့ဆောင်ပေးသူကို ထောင်ဒဏ်နှစ်နှစ်ချမှတ်

တရားဝင်မှတ်ပုံတင်လိုင်စင်မရှိဘဲ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်ရန်အတွက် လူများ
ပို့ဆောင်ပေးခဲ့သည်ဆိုမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရသူကို အင်းစိန်မြို့နယ် တရားရုံးက
ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်း
သိရသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီခွဲ ခန့်တွင် အောင်ဇေယျအိမ်ရာ
တိုက်(၃၅)တွင် အိမ်ရှင် ဒေါ်အေးအေးမြင့်နှင့် ညောင်တုန်းမှလာသော မောင်အောင်ဇံမြင့်၊
မင်းကိုကို၊ မလဲ့လဲ့ဝင်းတို့ ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ရန် ငွေကြေးကိစ္စ
စကားအချေအတင် ပြောဆိုနေကြောင်း သိရသည်။

ထို့ကြောင့် သက်သေများနှင့်အတူ သွားရောက်စုံစမ်းခဲ့ရာ ဒေါ်အေးအေးမြင့်သည်
တရားဝင် မှတ်ပုံတင်လိုင်စင်မရှိဘဲ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် လူများကို
ပို့ဆောင်ပေးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အလုပ်အကိုင်ပြုလုပ်ရာတွင် တွေ့ရှိသည့်
စာရွက်စာတမ်းများနှင့် ငွေလွှဲလက်မှတ်များကို သိမ်းဆည်းကာ အရေးယူပေးရန်
တိုင်ကြားခဲ့သည်။

အင်းစိန်မြို့မရဲစခန်းက(ပ)၁၂၂၅/၁၃ ပြည်ပအလုပ်ကိုင်ရှာဖွေရေးဆိုင်ရာ ဥပဒေပုဒ်မ
၂၆ အရ အမှုဖွင့်ကာ အင်းစိန်မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့မှု ဖြစ်ကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး