ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်ရှိ ပွင့်ဦး ပရိဘောဂစက်ရုံ ကုန်သိုလှောင်ရုံတစ်ရုံ၌ ယခုလ ၆ ရက်နေ့
က မီးလောင်ကျွမ်းခဲ့ရာ ကျပ် သိန်း ၁,၀၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပွင့်ဦးပရိဘောဂစက်ရုံကို ကျောက်တံတားမြို့နယ်ရှိ ဦးခင်မောင်ဝင်း ပိုင်ဆိုင်ပြီး ကုန်သို
လှောင်ရုံ သုံးရုံ အနက် ပေ ၁၀၀ x ၁၆၀ အကျယ်ရှိ သိုလှောင်ရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်။
အဆိုပါနေ့ နံနက် ၆ နာရီ ခွဲခန့်တွင် သိုလှောင်ရုံ အတွင်း သွယ်တန်းထားသော ၀ုိင်ယာ ကြိုးနှစ်ခု
ရှော့ဖြစ်ရာမှ မီးပွားများ လွင့်စဉ်ကာ ရေမြှုပ်မွေ့ရာပေါ်သို့ ကျခဲ့မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်း
ဖြစ်ပြီး နံနက် ရ နာရီ ၁၄ မိနစ်ခန့်တွင် မီးလောင်ကျွမ်းမှုကို ထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၁၀ မိနစ်ခန့်တွင်
မီးငြိမ်းသွားခဲ့သည်။
မီးငြိှမ်းသတ်နေစဉ်အတွင်း ဒဂုံမြို့သစ်မြောက်ပိုင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဘယ်လက်
အဆစ်ပြုတ်ဒဏ်ရာ ရရှိခဲ့သည်။
ပွင့်ဦး ပရိဘောဂစက်ရုံသည် ကမ္ဘောဇတွင် အဆောက်အအုံအာမခံနှင့် မြန်မာ့ အာမခံလုပ်ငန်းတွင်
မီးအာမခံထားရှိထားကြောင်း သိရသည်။

















