မြန်မာ - ထိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကျင်းပမည်

မြန်မာ - ထိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကျင်းပမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအရာရှိများ၏ ပြစ်မှုဆိုင်ရာတရားစီရင်မှုတွင် ပူးပေါင်း ဆောင်ရွက်ရေးအစည်းအဝေးနှင့် နှစ်နိုင်ငံလူကုန်ကူးမှုတိုက်ဖျတ်ရေးဆိုင်ရာ နားလည်မှု
စာချွန်လွှာ၏ လုပ်ငန်းစီမံချက် (၂၀၁၂-၂၀၁၄) အကောင်အထည်ဖော်ရေးပူးတွဲလုပ်ငန်းအစည်း
အဝေးကို ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်ဟိုတယ်တွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်နေ့ အထိ
ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

လူကုန်ကူးမှု ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို နိုဝင်ဘာလ
၁၂ ၊ ၁၃ ရက်နေ့ များတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံဖက်မှ လူကုန်ကူးမှု တားဆီး
နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မ-း ရဲမ-းကြီး ၀င်နိုင်ထွန်း၊ ပြန်ထောင်စုရှေ့နေရုံးချုပ်မှ ဒုတိယညွှန်ကြား
ရေးမှူးချုပ် ဦးခင်မောင်ဦးတို့ ဦးဆောင်သည့် ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်၊ လူမှုဝန်ထမ်း
ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန၊ အလုပ်သမား ညွန်ကြားရေး ဦးစီးဌာန
တို့မှ မြန်မာကိုယ်စားလှယ် ၁၇ ဦး၊ ထိုင်းနိုင်ငံ လူမှုဖွံဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၊ အထူးစုံစမ်း စစ်
ဆေးရေးဌာနနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့ မှ ကိုယ်စားလှယ် ၁၇ ဦးတက်ရောက်မည်ဖြစ်သည်။

နိုဝင်ဘာ ၁၄ ၊ ၁၅ ရက်နေ့များတွင် ပြုလုပ်မည့် နှစ်နိုင်ငံလူကုန်ကူးမှု တိုက်ဖျတ်ရေးဆိုင်ရာ
နားလည်မှု စာချွန်လွာ၏ လုပ်ငန်းစီမံချက် ( ၂၀၁၂--၂၀၁၄) အစည်းအဝေးကို လူကုန်ကူးမှု
တားဆီးနှိပ်နင်းရေး ရဲအဖွဲ့ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်း
များ၊ အန်ဂျီအို အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၈ ဦးနှင့် ထိုင်းဖက်မှ ၂၃ ဦးတက်ရောက်မည်
ဖြစ်ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး