တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ထောင်တစ်လကျ

တရုတ်သံရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ထောင်တစ်လကျ

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုကို မကျေနပ်သောကြောင့် တရုတ်သံရုံးရှေ့ တွင်
ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကျောင်းသားသမဂ္ဂဖြစ် မြောက်ရေး ကော်မတီ ဥက္ကဌ
ကိုဒီငြိမ်းလင်း ပါ (၆) ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁ လစီကျခံစေရန် မြို့နယ်တရားရုံး နှစ်ရုံးက
နို၀င်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင်အမိန့်ချမှတ် လိုက်ကြောင်းသိရသည်။

အမှုဖြစ်ပွားခဲ့ပုံမှာ ယမန်နှစ် နို၀င်ဘာလ ၂၉ ရက်နေ့ တွင်လက်ပံတောင်းတောင် သပိတ်စခန်းရှိ
သံဃာတော်များနှင့်ပြည်သူများအား အာဏာပိုင်များက အင်အားသုံးဖြိုခွင်းခဲ့သည့်အတွက်
သံဃာတော်များနှင့် ဒေသခံများမီးလောင်ဒဏ်ရာ များရရှိခဲ့သည်။ အဆိုပါအကြမ်းဖက်နှိမ်နင်းမှု
များကို ကန့်ကွက်ဆန္ဒပြ ခဲ့သည့်အနေဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် လူဦးရေ ၅၀၀ ၀န်းကျင်
ခန့်ဖြင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံး ရှေ့တွင် ခွင့်ပြုချက်မယူဘဲ လမ်းလျှောက်ဆန္ဒပြ မှုကို ဦးဆောင်
ခဲ့သည့် ကိုဒီငြိမ်းလင်းပါ (၆)ဦး တို့အား သက်ဆိုင်ရာမြို့နယ် သုံးမြို့နယ်ရှိ တရားရုံးများသို့ တရား
စွဲဆိုတင်ပို့ခဲ့ခြင်း ဖြစ်သည်။

ထို့သို့တရားစွဲဆိုတင်ပို့ခဲ့မှုကို တရားရုံးကကြားနာစစ်ဆေးပြီး နို၀င်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့
များတွင် ကြည့်မြင်တိုင်နှင့်အလုံမြို့နယ် တရာရုံးတို့က ကိုဒီငြိမ်းလင်း၊ generation wave အဖွဲ့မှ
ကိုမိုလ်းသွေး၊ ၈၈ မျိုးဆက်သစ်ကျောင်းသူဟောင်း မသန္တာ ၊ ကိုစိုးမိုးထွန်း၊ကိုအောင်မြင့်ဦးနှင့်
ကိုမြင့်ကျော်ဦး တို့အား ပုဒ်မ ၁၈ အရ အပြစ်ရှိ ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် အလုပ်နှင့်ထောင်
ဒဏ် တစ်လစီ ကျခံစေရန်နှင့်ပြစ်ဒဏ် များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်
ကြောင်းသိရသည်။

အမိန့်ချမှတ်ရန် ကျန်ရှိနေသည့် အမှုကို စမ်းချောင်းမြို့နယ် တရားရုံးက နို၀င်ဘာလ ၂၅ ရက်နေ့
သို့ချိန်းဆို ထားကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး