ကားကျပ်ကျပ်၊ လူသွားစင်္ကြံႍကျဉ်းကျဉ်းနဲ့ မြို့ရန်ကုန်

ကားကျပ်ကျပ်၊ လူသွားစင်္ကြံႍကျဉ်းကျဉ်းနဲ့ မြို့ရန်ကုန်

သိပ်မကြာသေးခင်က ရန်ကုန်မြို့ ပေါ်မှာ လူသွားစင်္ကြံႍတွေ ကွယ်ပျောက်သွားကြတာကို ခင်ဗျားတို့
သတိထားမိကြလား။ မနက်တိုင်း ခင်ဗျားလက်ဖက် ရည် ထိုင်သောက်တတ်တဲ့နေရာ ဒါမှမဟုတ်
သတင်းစာဂျာနယ်တွေရောင်းဖို့ ခင်းကျင်းရတဲ့ နေရာတွေကိုရော ကားတစ်စင်းရဲ့ နောက်ပိုင်းက
အစားထိုးသွားပြီလား။

လူသွားစင်္ကြံကျယ်ကြီး တွေနေရာကို ကားရပ်နားစရာအဖြစ်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီက မနှစ်ကကတည်းက စတင်ပြီး ပြောင်းလဲအစားထိုးခဲ့ရာမှာ အချိန် ခြောက်လလောက်
အတွင်းမှာပဲ ဒီလုပ်ငန်းရဲ့ ရလဒ်ကို တွေ့မြင်လာရပါပြီ။

ရည်ရွယ်ချက်ကတော့ ယာဉ်ကြောရှုပ်ထွေးမှုတွေကို လျှော့ချနိုင်ဖို့ လမ်းပေါ်မှာ နေရာလွတ်တွေ ပိုမို
ရရှိဖို့ပါပဲ။

မြို့တော်စည်ပင်အနေနဲ့ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ဆောင်နေတယ်ဆိုတာကတော့ သံသယဖြစ်
ဖွယ် မရှိပါဘူး။

ရန်ကုန်မှာ ယာဉ်ကြောရှုပ်ထွေးမှုက တကယ်ကို ကြီးမားတဲ့ ပြဿနာတစ်ခုအဖြစ်ရှိနေပြီဆိုတော့
ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ လိုနေပြီ။

ဒါပေမဲ့ လော့အိန်ဂျလိစ်မှသည် ပေကျင်းမြို့အဆုံး ကမ္ဘာပေါ်ကမြို့ကြီး တွေကြံုတွေခဲ့ရတဲ့ အတွေ့
အကြံုတွေအရ ကားတွေအတွက် နေရာလွတ်တွေ ပိုဖန်တီးပေးတာက ယာဉ်ကြောရှုပ်ထွေးမှုကို
လျှော့ချနိုင်ဖို့ ဘယ်လိုမှ အထောက်အကူမဖြစ်ဘူးဆိုတာ တွေ့ရပါတယ်။

ဒီလုပ်ငန်းရဲ့ အကျိုးရလဒ်ကတော့ ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ခမ်းနားကြီးကျယ်တဲ့ သမိုင်းအမွေ
အနှစ်တွေ၊ စီးပွားရေးအနေအထားတွေနဲ့ ဆက်စပ်နေတဲ့ အဆင်ပြေချော့မွေ့လှတဲ့ စင်္ကြံ
လျှောက်လမ်းတွေကို ဘာအကျိုးအမြတ်မှ မရှိဘဲ ဆုံးရှုံးနေရတာပဲ။

ဘန်ကောက်ပဲဖြစ်ဖြစ်၊ ဟောင်ကောင် ပဲဖြစ်ဖြစ်၊ ကွာလာလမ်ပူပဲဖြစ်ဖြစ် ခင်ဗျားရောက်ဖူးခဲ့မယ်
ဆိုရင် ရန်ကုန်မြို့ဟာ ကြီးမားကျယ်ပြန့်လှတဲ့ လျှောက်လမ်းတွေကို ပိုင်ဆိုင်ထားခြင်းဆိုတဲ့ရှားမှရှား
ကောင်းချီးတစ်မျိုးနဲ့ ပြည့်စုံနေတယ်ဆိုတာ သတိထားမိပါလိမ့်မယ်။

လမ်းဘေးဈေးသည်တွေ၊ လက်ဖက်ရည်ဆိုင်နဲ့ မုန့်ဆိုင်လေးတွေအတွက် ဆိုင်ခင်းဖို့ နေရာကျယ်
ကျယ် ပြုပြုယူပြီးတာတောင်မှ လမ်းသွားလမ်းလာတွေ ဖြတ်သန်းသွားနိုင်ဖို့ လုံလုံလောက်လောက်
နေရာရှိနေသေးတယ်။

လမ်းရဲ့ တစ်ဖက်ခြမ်းကိုရောက်ဖို့အတွက် ကျပ်ညပ်နေတဲ့လူအုပ်ကြီးကို တိုးဝှေ့ဖြတ်ပြီးသွားဖို့လည်း
မလိုအပ်ဘူး။

ဒါတွေကို ထိန်းသိမ်းကာကွယ်ထားဖို့ တကယ်ပဲ လိုအပ်ပါတယ်။ အသစ်ပြန်လုပ်ထားတဲ့ စင်္ကြံတွေ
နဲ့ စတိုးတဲ့နေ့ကို မှတ်မိပါသေးတယ်။

လူတွေက ပိုမြှင့်လိုက်တဲ့ စင်္ကြံတွေပေါ်ကို အတင်းကုန်းရုန်းပြီးတက်နေကြတယ်။ တချို့နေရာတွေ
ဆိုရင် စင်္ကြံတွေ က မီလီမီတာ ၅၀၀ (လက်မ ၂၀ လောက်) လောက်မြင့်တာကိုး။ (ခေတ်မီ
တိုးတက် နေတဲ့မြို့တွေမှာ အန္တရာယ်မရှိအောင် စင်္ကြံပလက်ဖောင်းတွေရဲ့ အမြင့်ကို မီလီမီတာ ၁၅၀
(ခြောက်လက်မလောက်) အထိပဲထားဖို့ ကန့်သတ်ထားလေ့ရှိတယ်)။

ဗိုလ်အောင်ကျော်လမ်းဘက် ရောက်တဲ့အခါမှာ ကျုပ်ရှေ့ကနေလျှောက်နေတဲ့ အသက်ကြီးကြီး
မိန်းမကြီးတစ်ယောက်က နောက်ပြန်လှည့် လျှောက်သွားပြီး လမ်းပေါ်ပြန်ဆင်းတယ်။

လမ်းဆုံကနေ လမ်းကူးဖို့ ပလက်ဖောင်းအမြင့်ကြီးကနေ သူဆင်းလို့မရ ဖြစ်နေတာလေ။
ဒီပြဿနာရဲ့ အဓိကဂယက်ရိုက်မှုက ဆူးလေဘုရားလမ်းကနေ ရွှေဘုံသာလမ်းကြား အနော်ရထာ
လမ်းမကြီးတစ်လျှောက်မှာ ပိုပြီးသိသာထင်ရှားတယ်။

လူသွားစင်္ကြံတွေကို ကျဉ်းလိုက်တာမှာ အကျယ်တစ်မီတာလောက်ပဲ ကျန်တော့တဲ့အတွက်
လမ်းလျှောက်ရတာ ကျဉ်းကျပ်လာပြီး လမ်းသွား လမ်းလာတွေကို အန္တရာယ်များလှတဲ့ လမ်းမပေါ်
တက်လျှောက်ဖို့ ဖိအားပေးသလို ဖြစ်လာတယ်။

လူသွားစင်္ကြံများကိုဖျက်ကာ ယာဉ်ရပ်နားရန် နေရာများတိုးချဲ့ခဲ့သော်လည်း  စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များ ရှိနေဆဲဖြစ်သည်။ ဘူးသီး/မြန်မာတိုင်း(မ်)

တချို့နေရာတွေမှာဆိုရင် လူသွားစင်္ကြံတွေဟာ အိမ်တွေရဲ့အောက်ခြေထက်တောင် ပိုမြင့်နေတယ်။
လမ်းဘေးဆိုင်တွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေအပေါ် စီးပွားရေးအရ မီခိုအားထားနေရတဲ့
ရန်ကုန်လိုမြို့ကြီး တစ်မြို့အတွက် ရှင်းလင်းပြီး လွယ်လွယ်ကူကူ သွားလာနိုင်တဲ့ လူသွားစင်္ကြံလမ်း
တွေဟာ အသက်သွေးကြောပဲ။

လူတွေဟာ ဘေးကင်းစွာနဲ့ပေါ့ပေါ့ပါးပါး မသွားလာနိုင်၊ မလည်ပတ်နိုင်ဘူးဆိုရင် စီးပွားရေးလုပ်ငန်း
တွေကိုလည်း ထိခိုက်လာလိမ့်မယ်။ ရန်ကုန်မြို့ရဲ့ သူမတူတဲ့သမိုင်းအမွေ အနှစ်တွေကြောင့်
ခရီးသွားလုပ်ငန်းကနေ ဒေါ်လာပေါင်းဘီလျံနဲ့ ချီပြီး ၀င်ငွေရနိုင်တဲ့ အနေအထားမှာရှိနေတယ်။

မြို့တော်တစ်ခွင်က သစ်ပင်တွေ စီစီရီရီနဲ့ ခြံရံထားတဲ့ လမ်းတွေတစ်လျှောက် ခြေကျင်သွားလာနိုင်
တဲ့ အနေအထားနဲ့ သမိုင်းအမွေအနှစ် လက္ခဏာတွေက လည်ပတ်သူတွေအတွက် အဆင်ပြေလှ
ပါတယ်ဆိုတဲ့ ရန်ကုန်မြို့ရဲ့ ဂုဏ်သတင်းအတွက် အရေးပါတဲ့အချက်တွေဖြစ်တယ်။

အရေးအကြီးဆုံးကတော့ ဒီမြို့ပေါ်က ဒေသခံတွေအနေနဲ့ သူတို့ရဲ့အိမ်ပတ်ဝန်းကျင်မှာ စိတ်ရှုပ်စရာ၊
ပူပင်စရာမလိုဘဲ သွားလာလည်ပတ်နိုင်ရမယ်။

ဈေးသွားဖို့၊ ဟိုနားဒီနားက ဆိုင်လေးတွေကိုသွားဖို့အတွက်နဲ့ ဒီကျဉ်းကျဉ်းကျပ်ကျပ် လျှောက်လမ်း
တွေကို ဖြတ်ဖို့မလိုဘဲ၊ အန္တရာယ်များတဲ့ လမ်းမကြီးတွေပေါ် တက်လျှောက်စရာ မလိုဘဲ သွားလာ
နိုင်ရမယ်။

ရန်ကုန်မြို့ရဲ့ အားသာချက်တွေထဲက တစ်ခုက တခြားမြို့ကြီးတွေရဲ့ အမှားတွေကို ဝေဖန်ဆန်းစစ်နိုင်
ဖို့ သိပ်နောက် မကျသေးတာပဲ။ ယာဉ်ကြောရှုပ်ထွေး တာကို ဖြေရှင်းဖို့ ဒီထက်ကောင်းတဲ့
နည်းလမ်းတွေ ရှိပါသေးတယ်။

လန်ဒန်မြို့ဟာ ယာဉ်ကြောရှုပ်ထွေး မှုတွေအတွက် အခွန်ကောက်တဲ့ နည်းလမ်းကို သုံးတဲ့အချိန်မှာ
ပေကျင်းမြို့က မြို့လယ်ကောင်ဝင်ခွင့်ကို ယာဉ်နံပါတ်ပြား စုံ၊ မ တစ်လှည့်စီ သတ်မှတ်တဲ့နည်းလမ်း
ကို အသုံးပြုတယ်။

တခြား မြို့တွေမှာ အချိန်ကာလပေါ်မူတည်ပြီး ဦးတည်ရာဘက်ကို ပြောင်းလဲနိုင်တဲ့ လမ်းတွေ
ရှိတယ်။

မီးပွိုင့်တွေရဲ့ အချက်ပြ မီးတွေကို သဟဇာတဖြစ်အောင် ပြုလုပ်တာ၊ မြို့တော်စည်ပင်က စီမံခန့်ခွဲတဲ့
ယာဉ်ရပ်နားစရာနေရာတွေ ပြုလုပ်တာ စတာတွေက အများကြီး အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်။

ယာဉ်ကြောရှုပ်ထွေးမှုကို ဖြေရှင်းဖို့ နည်းလမ်းမှန်က ကားတွေနဲ့ မသက်ဆိုင်ဘဲ လမ်းပန်းဆက်သွယ်
ရေးစနစ်တွေနဲ့ပဲ ဆိုင်တယ်။

ပေကျင်း၊ စင်ကာပူနဲ့ ကွာလာလမ်ပူမြို့တွေဆို လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အများသုံးလမ်းပန်း
ဆက်သွယ်မှုစနစ်တွေအတွက် ငွေလုံး ငွေရင်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။

မဲလ်ဘုန်း၊ ကိုပင်ဟေဂင်နဲ့ ကွမ်ကျိုးမြို့တွေကတော့ ကျန်းမာရေးကို အထောက်အကူပြုပြီး
သက်သာမြန်ဆန်တဲ့ လမ်းပန်းဆက်သွယ်မှုတစ်မျိုးဖြစ်တဲ့ သာမန် စက်ဘီးတွေဘက် ခြေဦးလှည့်
ကြတယ်။

မြေမျက်နှာပြင်ပြားဝပ်တဲ့ ပုံစံအနေအထားရှိတဲ့ ရန်ကုန်မြို့ဟာ စက်ဘီးစီးဖို့အတွက်လည်း အရမ်း
အဆင်ပြေပါတယ်။

မဲလ်ဘုန်း၊ တိုရွန်တို၊ ဘာလင်နဲ့ ဟောင်ကောင်မြို့တွေက ဓာတ်ရထားစနစ်တွေကို အတော်လေး
အားထားပြီး အသုံးပြုကြသလို အော့ကလန်၊ ဆစ်ဒ်နီ နဲ့ ဗြူနိုအေးရီးစ်မြို့တွေဆိုရင်လည်း ၂၀ ရာစု
အလယ်ပိုင်းတုန်းက ရပ်ဆိုင်းထားခဲ့တဲ့ ဓာတ်ရထားကွန်ရက်တွေကို တစ်ပိုင်းစီပြန်ပြီး
တည်ဆောက်ခဲ့ကြတယ်။

ရန်ကုန်မြို့မှာဆိုလည်း ခေတ်သစ် ဓာတ်ရထားစနစ်တွေတည်ဆောက်ပြီး လက်ရှိဘတ်စ်ကားစနစ်
ကို ထောက်ကူနိုင်ဖို့ စဉ်းစားသင့်တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀အတွင်းမှာ ကမ္ဘာအနှံ့က မြို့ကြီးတွေဟာ မော်တော်ကားတွေကို စီမံခန့်ခွဲရာ
က နောက်ဆက်တွဲဖြစ်လာတဲ့ ကျန်းမာရေးပြဿနာကြီးတွေ၊ ယာဉ်ကြောရှုပ်ထွေးမှုနဲ့ နေရာ
ထိုင်ခင်း ပြဿနာတွေကို ကောင်းကောင်း သဘောပေါက်ခဲ့ကြတယ်။

တော်တော်များများကတော့ တစ်ချိန်က ခေတ်မရှိတော့ဘူးလို့ ယူဆခဲ့ကြတဲ့ စက်ဘီးစီးတာ၊
ခြေကျင်လျှောက်တာနဲ့ ဓာတ်ရထားလို စနစ်မျိုးတွေဆီကို ပြန်သွားနေကြတယ်။

တခြားမြို့တွေက သူတို့ရဲ့ သူမတူတဲ့ မြို့ပြလက္ခဏာ၊ စီးပွားရေးအခြေအနေနဲ့ ခြေခင်းလက်ခင်းသာမှု
တွေကို မော်တော်ကား တွေအတွက်နဲ့ ဆုံးရှုံးလိုက်ရတဲ့ အမှားမျိုးကို ရှောင်ရှားနိုင်ဖို့လိုတယ်။

မြို့တော်စည်ပင်ရဲ့ လူသွားစင်္ကြံတွေကို ပုံစံပြောင်းတဲ့ အစီအစဉ်ဟာ ရန်ကုန်မြို့ရဲ့ ခြေခင်းလက်ခင်း
သာမှုနဲ့ သမိုင်းအမွေအနှစ် လက္ခဏာတွေကို ဖျက်ဆီးနေသလို မြို့နေပြည်သူတွေအတွက်
ဘေးကင်းမှုနဲ့ လက်လီလုပ်ငန်း ငယ်တွေအတွက် အကျိုးယုတ်တဲ့ အနေ အထားမျိုးကို ဖန်တီးနေ
တယ်။

သေချာ စဉ်းစားချိန်ညှိထားတဲ့ လမ်းပန်းဆက် သွယ်မှု အစီအမံကသာလျှင် ရန်ကုန်မြို့ရဲ့ သူမတူ
ထူးခြားပြီး အလားအလာကောင်းတွေရှိတဲ့ အနေအထားကို မထိခိုက်စေဘဲ ယာဉ်ကြောရှုပ်ထွေးမှု
တွေကို လျှော့ချနိုင်ပါလိမ့်မယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး