မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျည်ဆန် ၁၅၂ တောင့် တွေ့ရှိ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျည်ဆန် ၁၅၂ တောင့် တွေ့ရှိ

မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းဘူတာနှင့် ပုဇွန်တောင်ဘူတာအကြား ရထားသံလမ်းပေါ်တွင်
အမ် ၁၆ ကျည်ဆန်များနှင့် အခြားကျည်ဆန် ၁၅၂ တောင့်ကို ဒီဇင်ဘာလ ၂ ရက်နေ့က တွေ့ရှိခဲ့
ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

အဆိုပါနေ့ ညနေ ၆ နာရီအချိန်တွင် မင်္ဂလာတောင် ညွန့်မြို့နယ် မလွှကုန်း မီးရထားရပ်ကွက်နေ
မောင်ကျော်မိုးလွင် (၁၃ နှစ်)သည် ကျောင်းဆင်းချိန်တွင် နေအိမ်သို့ ရထားသံလမ်းအတိုင်း
ဖြတ်ပြန်လာစဉ် မိုင်တိုင်အမှတ် ၁/၁ နှင့်၁/၂ အကြား ရထားသံလမ်းကြား ကျောက်ခဲများထား
ရှိသည့်နေရာတွင် တွေ့ရှိခဲ့သည်။

သက်ဆိုင်ရာမှ စစ်ဆေးချက်အရ တွေ့ရှိရသည့် ကျည်ဆန် ၁၅၂ တောင့်မှာ အမ် ၁၆ ကျည်ဆန်
ရှစ်တောင့်၊ အမ် ၂၁/၂၂ ကျည်ဆန် ၁၈ တောင့်၊ ရ ဒသမ ၆၂ ကျည်ဆန် အမျိုးအစား ၅၅ တောင့်
နှင့် ၉ မမ ကျည်ဆန် အမျိုးအစား ရ၁ တောင့်တို့ဖြစ်သည်။

အသုံးပြု နိုင်သည့် ကျည်ဆန်များဖြစ်ပြီး မြို့မ ရဲစခန်းက ခေတ္တသိမ်းဆည်းထားကာ စအရ (၉၀၅)
တပ်သို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး