ကျူးကျော်နေထိုင်သူများကို လမ်းမကြီးများဆိုင်ရာ ဥပဒေဖြင့် အရေးယူပေးရန်တိုင်ကြား

ကျူးကျော်နေထိုင်သူများကို လမ်းမကြီးများဆိုင်ရာ ဥပဒေဖြင့် အရေးယူပေးရန်တိုင်ကြား

ရန်ကုန်-ပုသိမ်ကားလမ်းတိုးချဲ့ရန် ကျူးကျော်နေထိုင်သူများကို လမ်းမကြီးများဆိုင်ရာ ဥပဒေဖြင့်
အရေးယူပေးရန်တိုင်ကြားမှု ဒီဇင်ဘာလ ၅ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါနေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ထန်းတစ်ပင်မြို့နယ်နေ အမျိုးသမီးတစ်ဦး က သက်ဆိုင်ရာ
သို့တိုင်ကြားခဲ့ရာတွင် ထန်းတစ်ပင်မြို့နယ် ရန်ကုန် ပုသိမ်ကားလမ်းမ ကြီး လမ်းအကျယ်ပေ ၁၅၀
အတွင်း အဆောက်အဦများ ဆောက်လုပ်နေထိုင်ခွင့်မရှိ သော်လည်း အဆောက်အဦများ ဆောက်
လုပ်နေထိုင်သဖြင့် ဖယ်ရှားပေးရန် စက်တင်ဘာ လ ၅ ရက်နေ့တွင် မရွှေဥကျေးရွာရှိ ဘုန်းကြီး
ကျောင်းတွင် တွေ့ဆုံပြောကြားခဲ့ပြီး နောက် ဆုံးအကြိမ်အဖြစ် ၁၈ ရက်နေ တွင် အပြီးဖယ်ရှား
ပေးရန် မဖယ်ရှားပါက လမ်းမကြီးများ ဆိုင်ရာ နည်းဥပဒေပုဒ်မအရ အရေးယူမည်ဖြစ်ကြောင်း
ထပ်မံမပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန် ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၆/၃ မှ ၁၇/၄ အကြား ဦးခင်မောင်မြင့်(၄၅
နှစ်)နှင့်ဦးမြစိုး(၄၃ နှစ်)၊ဦးသန်းမြင့် (၄၁ နှစ်)၊ ဦးသန်းတင် (၄၆ နှစ်) ဦးမောင်တူး(၃၅ နှစ်)၊ဦးနိုင်ဝင်း
(၅၀ နှစ်) တို့မှ အဆောက်အဦများ ဆောက်လုပ်ဖယ်ရှား ပေးခြင်းမရှိသဖြင့် အရေးယူပေးရန်တိုင်
ကြားခဲ့သည်။

တက်သစ်နယ်မြေရဲခစန်းက (ပ)၁၂၀/၁၃ လမ်းမကြီး များဆိုင်ရာ ဥပဒေပုဒ်မ ရ(ခ)အရ အမှုဖွင့်
အရေးယူထား ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး