ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိဂန္ဓမာကုန်တိုက်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က မီးလောင်မှုဖြစ်
ခဲ့ရာ လူခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ည ၁၂ နာရီ၂၅အချိန်ခန့်တွင်မရမ်းကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည်ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိ
ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွား နေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ အဆိုပါကုန်တိုက် ၏အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင်
လျှပ်စစ်မီးပူအား မီးပလပ် ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး
အဆိုပါမီးလောင်ရာ သို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့်
မီးငြိမ်းသတ် ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊
စုစုပေါင်း (၇)ဦးသေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့်ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာ
သုံးစွဲသူ ထွန်းထွန်းနိုင်အပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄- က/၂၈၅ ဖြင့်
အမှုဖွင့်အရေးယူထားရှိကြောင်းသိရသည်။

















