ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နှစ်ထက် မှုခင်း ၅,၄၀၀ ကျော်လျော့နည်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နှစ်ထက် မှုခင်း ၅,၄၀၀ ကျော်လျော့နည်း

ရန်ကုန်တိုင်ဒေသကြီး နယ်မြေအတွင်း ၂၀၁၃ ခုနှစ် တစ်နှစ်တာကာလအတွင်း အမှုကြီး ၃၄၃ မှု
ဖြစ်ပွားခဲ့ပြီး အခြားအမှု ၁၃,၁၈၇ မှုနှင့် မှုခင်း ကြိုတင်ကာကွယ်မှု ပေါင်း ၂၀,၀၅၂ မှုတို့ ဖြစ်ပွား
ခဲ့ကာ ယမန်နှစ်ဖြစ်ပွားခဲ့သည့် အမှုပေါင်း ဖြင့်နှိုင်းယှဉ်ပါက ၅,၄၅၂ မှု လျော့နည်းခဲ့ကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလ ၃၁ ရက်ထိ တစ်နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့်
အမှုများတွင် လူသတ်မှု ၁၃၀၊ ဓားပြမှု ၄ မှု၊ လုယက်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၅၂ မှု၊ ဖောက်ထွင်းမှု ၂၃ မှု၊
တိရစ္ဆာန်ခိုးမှု တစ်မှု တို့ဖြစ်ပွားခဲ့ပြီး တရားစွဲတင်သည့် အမှု ၃၁၆ မှု၊ ပိတ်သိမ်းမှု ၁၀ မှုနှင့်
လက်ကျန်မှု ၁၇ မှု ရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အမှုကြီး
၃၅၆ မှုဖြစ်ပွားခဲ့ပြီး အခြား အမှုပေါင်း ၁၃,၂၂၁ မှုနှင့် မှုခင်းကြိုတင်ကာကွယ်မှုပေါင်း ၂၅,၄၅၇ မှု
တို့ဖြစ်ပွားခဲ့သည်။

ယခု တစ်နှစ်တာကာလအတွင်း စုစုပေါင်း ၃၃,၅၈၂ မှုဖြစ်ပွားခဲ့ပြီး ယမန်နှစ်တွင် စုစုပေါင်း
၃၉,၀၃၄ မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုနှစ် အောက်တိုဘာလအထိ တစ်နိုင်ငံလုံးမှုခင်းဖြစ်ပွားခဲ့မှု ထုတ်ပြန်ချက်
များအရ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်း
ဖြစ်ပွားမှုမှာ ပထမအဆင့်သို့ ရောက်ရှိနေပြီး မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်း
ဒေသကြီး၊ မွန်ပြည်နယ်တို့တွင် မှုခင်းဖြစ်ပွားမှု နှုန်းမှာ ဒုတိယ အများဆုံးဖြစ်ပွားခဲ့ကာ
ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မှုခင်းဖြစ်ပွာမှုမှာ ခုနစ်မှုမှ ၈၆ မှု အတွင်းသာရှိကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး