ရန်ကုန်ဆိပ်ကမ်းများမှ ပြည်ပသို့ သစ်များ တင်ပို့ခြင်းအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂
နာရီ နောက်ဆုံးထား တင်ပို့ကြရန် မြန်မာ့သစ်လုပ်ငန်းမှ ကြေညာချက် ထုတ်ပြန်ထားကြောင်း
ကြေးမုံ သတင်းစာ လူမှုရေးစာမျက်နှာတွင် ဖေါ်ပြထားသည်။
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့်
သစ်အချောထည်များကိုသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ကြေညာချက်
ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
သစ်အချောထည်များထုတ်လုပ်မည့် စက်ရုံများ တည်ထောင်ရေးအတွက် အာရှအခြေစိုက်ကုမ္ပဏီ
များက လာရောက် ဆွေးနွေးလျက်ရှိကြောင်းလည်း ဖေါ်ပြထားသည်။
လက်ရှိတွင် အိန္ဒိယအခြေစိုက် ကုမ္ပဏီတစ်ခုအား သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်သည့်
လုပ်ငန်းလုပ်ကိုင်ခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်လ အတွင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က
ခွင့်ပြုခဲ့သည်။
















