၂၀၁၄ နှစ်သစ်ကြိုဆိုပွဲကြီး ၀င်ခွင့်အခမဲ့ဖြင့် ကျင်းပသွားမည်

၂၀၁၄ နှစ်သစ်ကြိုဆိုပွဲကြီး ၀င်ခွင့်အခမဲ့ဖြင့် ကျင်းပသွားမည်

ဒုတိယအကြိမ်မြောက် နှစ်သစ်ကို ကြိုဆိုမယ့် Myanmar Countdown 2014 ပွဲကြီးကို
ရန်ကုန်မြို့ တပ်မတော်ခန်းမအနီးက မိုင်ဒါကွင်း(မြို့မကွင်း)မှာ ၀င်ခွင့်အခမဲ့နဲ့ ထပ်မံကျင်းပသွားမှာ
ဖြစ်ပါတယ်။

ပြည်တွင်းရုပ်သံလိုင်းများ ထုတ်လွှင့်ပြသနေတဲ့ Forever Group ကုမ္ပဏီလီမိတက်နဲ့ Bangkok
Airways တို့ပူးပေါင်း တင်ဆက်သွားမှာဖြစ်တဲ့ ပျော်ပွဲရွှင်ပွဲကြီးကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ
၅ နာရီ ကနေ ဇန်နဝါရီလ နံနက် ၁ နာရီအထိ ကျင်းပပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ဆုန်သင်းပါရ်၊ ထူးအယ်လင်း၊ အိမ့်ချစ်၊ ရှင်မင်း၊ G Tone၊
ရဲလေး၊ ဂျေမီ၊ Ar T၊ သားစိုး တို့နဲ့အတူ Uranium Dancer အဖွဲ့တို့က The Ugly Band ရဲ့
ပံ့ပိုးပေးမှုနဲ့ တေးသီချင်းတွေကို တင်ဆက်သွားမှာဖြစ်ပြီး တခြားအနုပညာရှင်တွေဖြစ်တဲ့ ထင်ဒိုင်း၊
အောင်မြင့်မြတ်၊ ဥမ္မာမွန်၊ ကျော်ဇေယျ၊ နန်းထက်ထက်သူ၊ ထက်အောင်၊ ၀ိုင်းလေး၊ ဟန်ထူးဈာန်၊
လွန်ဇောင်း၊ နန့်ချစ်နဒီဇော်၊ မြတ်သူကျော်၊ ၀င့်ယမုံလှိုင်၊ မေမြင့်မိုရ်၊ အောင်မင်းခန့်တို့နဲ့ အခြား
အနုပညာပေါင်းများစွာက ဖျော်ဖြေ တင်ဆက်သွားမှာဖြစ်ပါတယ်။

အဲဒီနှစ်သစ်ကြိုဆိုတဲ့ ပွဲကြီးကို Forever Group က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ
ပထမဦးဆုံး အကြိမ် တက်ဆက်ခဲ့တာဖြစ်ပြီးတော့ အလှမီးပန်း ဖောက်တင်ဆက်တာ၊ ကံစမ်းမဲ
ဖောက်ပေးတာတွေနဲ့အတူ ပရိသတ်ပေါင်း သုံးသောင်းကျော် သွားရောက်ခဲ့ပြီး နှစ်သစ်ကို မိနစ်၊
စက္ကန့်အလိုက်ရေတွက်လို့ ဆင်နွဲခဲ့တဲ့ ပျော်ပွဲရွှင်ပွဲကြီးပါ။

ယခုနှစ်မှာတော့ ဖျော်ဖြေပွဲလက်မှတ်တွေကို ထိုင်ခုံနဲ့ ရိုးရိုးဆိုပြီး နှစ်မျိုးနှစ်စား ခွဲထားပြီးတော့
ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်လို့ MRTV-4 show room တွေမှာ အခမဲ့ဦး ရာလူစနစ်နဲ့
သွားရောက် ထုတ်ယူနိုင်ပါတယ်လို့ သိရပါတယ်။

အဲဒီဖျော်ဖြေပွဲကြီးကို ပြည်တွင်းက MRTV-4 ရုပ်သံလိုင်းတွေမှာ အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်
တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး