ပညာတန်ဆောင် စာပေဆုပေး

ပညာတန်ဆောင် စာပေဆုပေး

ပညာတန်ဆောင် စာပေပြိုင်ပွဲတွင် ဆုရရှိသည့် သူများအတွက် ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့
ရန်ကင်း ပညာရေးကောလိပ်၌ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ (၅၉) ကြိမ်မြောက် ပညာတန်ဆောင် စာပေပြိုင်ပွဲအမျိုးအစား ခုနစ်မျိုးခန့်ပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး
မြန်မာနိုင်ငံ တိုင်းဒေသကြီး ပြည်နယ် ၁၈ ခု က ပညာရေးဝန်ထမ်းများ ပါ၀င်ခဲ့ကြသည်။

"ပညာတန်ဆောင် စာပေပြိုင်ပွဲကို ၁၉၅၄ ခုနှစ်ကတည်းက စတင်ကျင်းပ ပေးခဲ့ပါတယ်။ အခြေခံ
ပညာ ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေရဲ့ စာပေစွမ်းရည်တွေ၊ ပညာရည် အတွေးအခေါ်၊
ပညာရေး ဗဟုသုတတွေ ထွန်းကား တိုးတက်လာစေရေးအတွက် အထောက်အကူပြု ပြိုင်ပွဲတစ်ခု
လို့ထင်ပါတယ်။ ဒီနှစ် ပညာတန်ဆောင် ကလောင်ရှင်တွေထဲကမှ အမျိုးသားစာပေဆုရှင်နဲ့ စာပေ
ဗိမာန်ဆုရှင် ခြောက်ဦးတောင် ပါ၀င်ခဲ့ပါတယ်" ဟု ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးသန်းဦး ကပြောသည်။

ပညာတန်ဆောင်စာပေပြိုင်ပွဲကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလထုတ် ပညာတန်ဆောင်မဂ္ဂဇင်းက
စတင်ကာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလထုတ် ပညာတန်ဆောင် မဂ္ဂဇင်းအထိ မဂ္ဂဇင်း ၁၂ အုပ်တို့ကို
ဖတ်ရှုလေ့လာ အဖြေရှာရန် သတ်မှတ်ပြီး မေးခွန်းအပုဒ် ၁၂၀ ကို ဖြေဆိုစေကာ ယှဉ်ပြိုင်စေခဲ့
သည်။

ပညာတန်ဆောင်ပြိုင်ပွဲများသည် ဘာသာပြန်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊
ဆောင်းပါးပြိုင်ပွဲ၊ တစ်မျက်နှာ ၀တ္ထုတိုပြိုင်ပွဲ၊ ဦးသန်းညွန့်စာပေဆု ၀တ္ထုတိုပြိုင်ပွဲနှင့် မူလတန်း
အဆင့် ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူ ကားချပ်ပြိုင်ပွဲတို့ ဖြစ်သည်။

ပညာတန်ဆောင်လစဉ်ထုတ် မဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ အင်္ဂါနေ့က စတင်
ထုတ်ဝေခဲ့ပြီး ပညာတန်ဆောင် စာပေပြိုင်ပွဲကို ၁၉၅၄ ခုနှစ်က စတင် ကျင်းပခဲ့ကာ ပြည်တွင်း၊
ပြည်ပ ပညာရေး သုတ၊ ရသ၊ စာပေအင်္ဂါတို့ ပါ၀င်ကာ ထုတ်ဝေလျက်ရှိသည့် ပညာရေးမဂ္ဂဇင်း
ဖြစ် သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး