မြေနီကုန်း ခုံးကျော်တံတားကို တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သွားရန် ပြင်ဆင်

မြေနီကုန်း ခုံးကျော်တံတားကို တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်သွားရန် ပြင်ဆင်

ရန်ကုန် ပြည်လမ်း မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်မှုကို လာမည့် ဘဏ္ဍာနှစ် ကာလ
အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးရုံး တာဝန်ရှိသူက မြန်မာတိုင်း(မ်)ကိုပြောသည်။

အဆိုပါ ခုံးကျော်တံတားတည်ဆောက်မှုကို ဂျပန်နိုင်ငံမှ ပုဂ္ဂိုလ်ရေးအရ ကူညီရန် ဆန္ဒပြုထား
သော်လည်း ယင်းအပေါ် ထပ်မံအတည်ပြုချက် တစ်စုံတစ်ရာ မရရှိသဖြင့် ယခုကဲ့သို့ တိုင်းဒေသ
ကြီးအစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားရန် လျာထားဆုံးဖြတ်ခဲ့သည်။

"လောလောဆယ် ဘတ်ဂျတ်ကိုတော့ ကျပ် ၁၆ ဘီလျံကနေ ၁၈ ဘီလျံကြားတင်ပြထား တယ်။
ဒါကလည်း တံတားတည်ဆောက် ရေးအတွက် အင်ဂျင်နီယာတွေ တွက်ချက်ပေးတဲ့ ကုန်ကျ
စရိတ်ပေါ် တင်ပြထားတာဖြစ် ပါတယ်"ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

အဆိုပါ ခုံးကျော်တံတား တည်ဆောက်မှုကို ဂျပန် အစိုးရပိုင်းတာဝန်ရှိသူတစ်ဦးမှ ကူညီပံ့ပိုးပေး
ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး
ဌာနဝန်ကြီးကတစ်ဆင့် ပုဂ္ဂိုလ် ချင်း ပြောဆိုထားခဲ့ခြင်းဖြစ်ပြီး ခုံးကျော်တံတား အား ပြည်လမ်း
မဟာမြိုင်ဆေးခန်းရှေ့မှ ရှင်စောပု မီးပွိုင့်ကျော်လွန်ပြီး တည်ဆောက် သွားရန် လျာထားခြင်းဖြစ်
သည်။

ခုံးကျော်တံတားတည်ဆောက်မှု လုပ်ငန်းစဉ် အားလုံးအတွက် ဂျပန်အစိုးရတာဝန်ရှိသူဘက် က
ခုံးကျော်တံတားဒီဇိုင်းရေးဆွဲသည်မှ လုပ်ငန်းပြီးစီးသည်ထိ တာဝန်ယူသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့
အနေဖြင့် ငွေကြေးပိုင်းတစ်စုံ တစ်ရာက ပါ၀င်သွားမည်မဟုတ်ကြောင်း ဆိုထားခဲ့သော်လည်း
ထပ်မံအတည်ပြုပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

"တံတားကိုတော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့က တည်ဆောက်မှာပါ ။ ကျွန်တော်တို့ဆီတော့
အခုထိ ဘာမှ ရောက်မလာသေးပါဘူး" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
လမ်းနှင့်တံတားဌာန ဒုတိယ ဌာနမှူး ဦးမျိုးလွင်က ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ တင်ပြထားသည့် ခန့်မှန်း ဘတ်ဂျက်
အတည်ပြုချထားပေးပါက ခုံးကျော် တံတား တည်ဆောက်ရန်အတွက် ဆောက်လုပ် ရေးလုပ်ငန်း
များကို တင်ဒါစနစ်ဖြင့် ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတား တည်ဆောက်ခြင်းလုပ်ငန်း နှင့်ပတ်သက်ပြီး ၂၀၁၃ ၂၀၁၄ ဘဏ္ဍာနှစ် အတွင်း
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လုပ်ဆောင်မည့် အထူးစီမံကိန်း သုံးခု အနက်
တစ်ခုအပါအဝင်အဖြစ် ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်ပြီး ယခင်က ဂျပန်အစိုးရ တာဝန်ရှိသူ၏
ထောက်ပံ့မှုဖြင့် ဂျပန် မြန်မာ ချစ်ကြည်ရေးအသင်းက တည်ဆောက်ပေးရန် စီစဉ်ထားခြင်းဖြစ်
ကြောင်း နိုဝင်ဘာလ ၄ ရက်က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး
တွင် မှတ်တမ်းများ အရသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး