အမေရိကန်အမ်ဘီအေကို ပြည်တွင်း၌ တက်ရောက်နိုင်

အမေရိကန်အမ်ဘီအေကို ပြည်တွင်း၌ တက်ရောက်နိုင်

အမေရိကန်နိုင်ငံမှ စီးပွားရေးစီမံခန့်ခွဲမှု ဆိုင်ရာမဟာဘွဲ့ (MBA) သင်တန်းကို မြန်မာနိုင်ငံတွင်သာ
တက်ရောက်ရယူနိုင်တော့မည် ဖြစ်သည်။ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ ဗဟို စည်အိမ်ရာတွင်
ဖွင့်လှစ်ထားသည့်Myanmar Metropolitan College (MMC) တွင် အမေရိကန်နိုင်ငံရှိ
University of the Potomac နှင့် ဆွစ်ဇာလန် နိုင်ငံရှိ UBIS University အသိ အမှတ်ပြု
MBA သင်တန်းများကို ယခု လမှစတင်ခါ တက်ရောက်နိုင်ပြီ ဖြစ်သည်။

တက္ကသိုလ်ဘွဲ့ရရှိပြီးသူတိုင်း Post Graduate Program(Diploma in Business Administration)
သင်တန်း ကို Myanmar Metropolitan College (MMC) တွင် တိုက်ရိုက်တက်ရောက်နိုင် မည်
ဖြစ်သည်။

"မြန်မာပြည်မှာ မည့်သည့်ဘွဲ့ရမဆို Post Graduate Program ကို တက်ရောက်နိုင်ပါတယ်။
ပြီးတော့ အခု ဒီမှာဖွင့်မယ့် MBA သင်တန်းကဆိုရင် Single Award အနေနဲ့ SWISS MBA ကို
အရင်တက်ရပါမယ်။ ပြီးတော့ နောက်တစ်ဆင့်အနေနဲ့ အမေရိကန် MBA ကို Dural Award
အနေနဲ့ ထပ်ရ သွားမှာပါ" ဟု Myanmar Metropo- litan College(MMC) ၏ Marketing
Director မမဥ္ဇူထွန်းက ပြောသည်။

Post Graduate Program(Diploma in BA) ကို ကိုးလခန့်တက်ရောက်ရမည်ဖြစ်ပြီး အဆိုပါ
Diploma in BA တက်ရောက်ပြီးပါက MBA သင်တန်းကို တိုက်ရိုက်တက်ရောက် နိုင်မည် ဖြစ်
သည်။

သင်တန်းကို နှစ်နှစ် ခန့်တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း ဘာသာရပ် ၁၂ ခုကို ဖြေဆိုရမည်
ဖြစ်သည်။ သင်တန်းတွင် ပြည်တွင်းရှိ ဆရာ၊ ဆရာမများက သင်ကြားသွားမည်ဖြစ် ပြီး တွဲဖက်
နိုင်ငံခြား တက္ကသိုလ်များ မှ ပါမောက္ခများက အချိန်ပိုင်းအနေ ဖြင့် သင်တန်း လာရောက်ပို့ချသွား
မည်ဖြစ်ကြောင်း မမဥ္ဇူထွန်း ကပြောသည်။ သင်တန်းကြေးများကို အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်
ပြီး MBA သင်တန်းကို ကျပ် သိန်း ၁၅၀ ခန့်နှင့် ဒီပလိုမာ သင်တန်းကို ကျပ် သိန်း ၈၀ ခန့်ကုန်
ကျမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး