ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသစ် တပ်ဆင်ထားသည့် အမေရိကန်ဒေါ်လာ ကိုးသိန်းတန်ဖိုးရှိ
အဆင့်မြင့်ရောဂါ ရှာဖွေစက်ကို တစ်လအတွင်း အသုံးပြု တော့မည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံ
ကြီး ဓာတ်ရောင်ခြည်ဌာနမှ ဌာနမှူး ပါမောက္ခလင်းထွန်းထွန်းက မြန်မာတိုင်း(မ်)ကို ဇန်နဝါရီလ
၅ ရက်နေ့က ပြုလုပ်သည့် အဆိုပါ စက်သစ်ဖွင့်ပွဲတွင် ပြောကြားသည်။
အဆိုပါ စက်ကို ကျန်းမာရေးဝန်ကြီး ဌာန၏ ရန်ပုံငွေဖြင့် ၀ယ်ယူခဲ့ပြီး ရန်ကုန် ဆေးရုံကြီး၏ အရေး
ပေါ်ဌာနတွင် တပ်ဆင်ထားသည်။ စက်၏ အမျိုးအစား မှာ ရောဂါရှာဖွေရေးများစွာ အထောက်
အကူပြုနိုင်မည့် ပုံရိပ်ဖော်စက် 128-Slice CT Scanner ဖြစ်သည်။
"ဒီစက်ကို စပြီးအသုံးပြုရင် လူနာတွေ က ပုဂ္ဂလိကဆေးရုံးတွေမှာ ပေးရတဲ့ ဈေးတစ်ဝက်လောက်
ကိုတော့ စက်ရဲ့ ထိန်းသိမ်းခအဖြစ် ပေးရမယ်။ လော လောဆယ် စက်ကိုအသုံးပြုမယ့် ဆရာဝန်
တွေ သင်တန်းတက်ရဦးမယ်" ဟု ပါမောက္ခလင်းထွန်းထွန်းကဆိုသည်။
အဆိုပါစက်သည် ခန္ဓာကိုယ်အစိတ် အပိုင်းများ၏ ပုံရိပ်ဖော်နိုင်ပြီး ခေါင်း အစခြေအဆုံး ရောဂါရှာ
ဖွေနိုင်သည့် အပြင် နှလုံး၊ ခန္ဓာကိုယ်ရှိ သွေးကြော များ၊ အသည်း၊ ဦးနှောက်အတွင်းပိုင်း နှင့်
အရိုးအထိ ပုံရိပ်ဖြင့် ရောဂါရှာဖွေ ကြည့်နိုင်သလို ကင်ဆာရောဂါအချို့ ကိုလည်း ရှာဖွေစစ်ဆေးနိုင်
ကြောင်း အဆိုပါစက်ကို တင်သွင်းရောင်းချခဲ့ သည့် SEA Lion ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။
" ဒီစက်ကို ပုဂ္ဂလိကဆေးရုံတွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ အတွက် ရောဂါရှာဖွေမယ်
ဆိုရင် ကျပ်တစ်သိန်းနီးပါးတောင်းတယ်။ နှစ်လုံး အပိုင်းကိုပဲ ကြည့်ပြီးရောဂါရှာမယ်ဆို ရင် ကျပ်သုံး
သိန်းလောက် ကုန်ကျနိုင် တယ်"ဟု ၎င်းက ပြောသည်။
SEA Lion ကုမ္ပဏီသည် မြန်မာသို့ အဆိုပါစက်ငါးလုံးကို ရောင်းချတပ်ဆင် ပေးခဲ့ပြီး အစိုးရက
ရန်ကုန်ဆေးရုံကြီး နှင့် မြောက်ဥက္ကလာပဆေးရုံကြီးတို့ တွင် တပ်ဆင်ရန် စက်နှစ်လုံးဝယ်ယူ ခဲ့
သည်။
ကျန်စက်သုံလုံးကို ဗဟိုစည်၊ ချမ်းမြေ့အောင်နှင့် ရွှေလမင်းပုဂ္ဂလိက ဆေးရုံကြီးများသို့ ရောင်းချ
တပ်ဆင်ပေးထားကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်ဆေးရုံကြီးတွင်
အထောက်အကူ ပြု လိုအပ်သည့်စက်ပစ္စည်းအသစ် များကို တပ်ဆင်ပေးရန်ရှိပြီး ဆေးရုံရှိ
ပါမောက္ခများအနေဖြင့် လိုအပ်သည့် စက်ပစ္စည်းများကို တင်ပြတောင်းဆိုရန် ကျန်းမာရေးဝန်ကြီး
ဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာဖေသက်ခင်က ဇန်န ၀ါရီလ ၅ ရက်နေ့က ရန်ကုန်ပြည်သူ့
ဆေးရုံကြီး သင်တန်းခန်းမဖွင့်ပွဲ အခမ်း အနားတွင် ပြောကြားသည်။
ရန်ကုန်ဆေးရုံကြီးသည် လူနာများ များပြားလာခဲ့သော်လည်း ဆေးရုံဝန်ထမ်းများ၊ သူနာပြု၊
ဆရာဝန်နှင့် လူနာအင်အား အချိုးအစား မမျှတခြင်း၊ မလုံလောက်ခြင်းစသည့် အခက်အခဲ
များဖြင့်ရင်ဆိုင်နေရကြောင်း ရန်ကုန် ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောသည်။

















