ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရေးဆွဲမှု ပြီးစီး

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းရေးဆွဲမှု ပြီးစီး

မဟာရန်ကုန် မြို့ပြသယ်ယူ ပို့ဆောင်ရေး စီမံကိန်းရေးဆွဲမှုအတွက် တစ်နှစ်တာ အချိန်ပေးခဲ့ရ
ပြီးနောက် ယခုအခါတွင် စီမံကိန်း ရေးဆွဲပြီးစီးပြီဖြစ်ကာ အပိုင်းသုံးပိုင်းခွဲ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင် ကပြောသည်။

"ပြင်ဆင်ဖို့အတွက် အချိန်တစ်နှစ် ပေးခဲ့ရတယ်။ ရည်မှန်းချက်အနေနဲ့က ကာလရှည် ၂၀၃၅ အထိ၊
ကာလလတ်၂၀၂၅ အထိနဲ့ ကာလတို ၂၀၁၈ အထိ သတ်မှတ်ထားပြီး အပိုင်းသုံးပိုင်းခွဲ ဆောင်ရွက်
သွားမယ်။ သာကေတတံတားသစ် တည်ဆောက်မှု ကြိုတင်စမ်းသပ်လေ့လာမှုတွေ ပြုလုပ်သွား
မယ်။ Pilot project (ရှေ့ပြေးစီမံကိန်း) အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနဲ့ စီမံကိန်း
လုပ်ဆောင်မှုတွေကို ဂျပန်တွဲဖက်တွေကနေ မြန်မာတွဲဖက်လုပ်ကိုင်သူတွေထံကို နည်းပညာ
လွှဲပြောင်းပေးမှုတွေ ရှိမယ်"ဟု ဦးအောင်ခင်က ပြောသည်။

ယခုပြုလုပ်မည့် မဟာစီမံကိန်း တွင်အဆိုပြုထားသော စီမံကိန်းများအနက် မရှိမဖြစ် အကောင်
အထည်ဖော်မှုအနေဖြင့် အများစုမှာ ယာဉ်ရပ်နားမှု အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ BRT
အဆင့်မြှင့်တင်ခြင်း၊ UMRT အဆင့်မြှင့်တင်ခြင်းနှင့် အတွင်းဘက်ပတ်လမ်း အဆင့်မြှင့်တင်ခြင်းများ
ဖြစ်ကြောင်း သိရသည်။

"ကာလတိုပြုလုပ်မယ့် စီမံကိန်းတွေကိုတော့ အလျင်အမြန်စီမံဆောင်ရွက်နိုင်အောင် ပြုလုပ်နေပါ
တယ်"ဟု ဦးအောင်ခင် ကပြောသည်။

စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက် ကုန်ကျစရိတ်များ (ကာလတို၊ ကာလလတ်၊
ကာလရှည်)အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ သန်း
ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)
ဦးထွန်းအောင်သင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး