စရဖ ၀င်းအတွင်းရှိ ပုဂ္ဂလိက ဓာတ်ဆီဆိုင် မီးလောင်မှုကြောင့် လေယာဉ်ကွင်းပါပိတ်ခဲ့ရ

စရဖ ၀င်းအတွင်းရှိ ပုဂ္ဂလိက ဓာတ်ဆီဆိုင် မီးလောင်မှုကြောင့် လေယာဉ်ကွင်းပါပိတ်ခဲ့ရ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက် ပြည်လမ်းမဘေး စစ်ဘက်ရေးရာ လုံခြံုရေးအဖွဲ့ (လေ)
၀င်းအတွင်းရှိ ပုဂ္ဂလိက ဓာတ်ဆီဆိုင်၌ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က
မီးလောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် ကျပ်သိန်း ၂၈၀ ဖိုးခန့် ဆုံးရှုံးခဲ့ပြီး ရန်ကုန် အပြည်ပြည်
ဆိုင်ရာလေဆိပ်၌ လေယာဉ် ဆင်းတက်မှုများလည်း တစ်နာရီကျော်ခန့် ရပ်နားခဲ့ရသည်။

ပိုင်ရှင်မောင်ကျော် (စုံစမ်းစိစစ်ဆဲ)ငှားရမ်းလုပ်ကိုင်သည့် ဆီဂိုဒေါင်အတွင်းရှိ ဆီများကို ဖူဆို
၁၂ ဘီးယာဉ်ပေါ်မှ ဆီပီပါအလုံး ၆၀ တွင်း သို့ ဆီဂေါက်ဖြင့် လိုက်လံဖြည့်တင်းပြီးနောက် ဆီဆိုင်
လုပ်သား အေးကိုက ဆီတိုင်ကီပိတ် သည့် သံဂေါက်ဖြင့် လိုက်လံပိတ်နေစဉ် မီးပွင့် လောင်ကျွမ်း
ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် အေးကိုတွင် တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရရှိခဲ့သလို ယာဉ်ပေါ်ပါသူများ
ဖြစ်သည့် ဇင်ကိုဦး၊ ကျော်ဇင်လတ်နှင့် စိုးတင့်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

မီးလောင်မှုကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ၀ုိင်းဝန်းငြိှမ်းသတ်ခဲ့ရာ ည ရ နာရီမိနစ် ၅၀ တွင်
မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဒီဇယ်ဆီပီပါ အလုံး ၅၀၊ ဓာတ်ဆီပီပါအလုံး ၂၀၊ ဆီဘောက်ဆာကား တစ်စီး၊
အဆောက်အအုံတစ်လုံး၊ ဆီသယ် ၁၂ ဘီးယာဉ်တစ်စီး စုစုပေါင်း ကျပ် ၂၈၁ သိန်းဖိုးဆုံးရှုံးခဲ့သည်။

မီးလောင်မှုမှ ထွက်ပေါ်လာသည့် မီးခိုးများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို
ပိတ်ထားခဲ့ရသဖြင့် ဆင်းသက်မည့် လေယာဉ်များနှင့် ထွက်ခွာမည့် လေယာဉ်များ ရပ်တန့်
သွားခဲ့ပြီး ည ရ နာရီအချိန်ခန့်တွင် လေဆိပ်ကို ပြန်ဖွင့်ပေးခဲ့သည်။

လောင်စာဆီများကို လက်ခံသိမ်းဆည်းပေးသူ စစ်ဘက်ဆိုင်ရာလုံခြံုရေးအဖွဲ့မှ တပ်ကြပ်ကြီး
တင်ဌေးနှင့် ဆီဆိုင်ပိုင်ရှင် ကျော်ကျော်(ခ) မောင်ကျော်တို့ကို မင်္ဂလာဒုံနယ်မြေရဲစခန်းက
ပြစ်မှုပုဒ်မ ၂၈၅ /၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီမိနစ် ၄၀ အချိန်ခန့်ကလည်း မရမ်းကုန်းမြို့နယ်
(၄) ရပ်ကွက် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့် အမှတ်(၄) ဆောက်လုပ်ရေး အင်ဂျင်နီယာ
တပ်ဆွယ်ရှိ သွပ်မိုးသွပ်ကာ မြေစိုက်ဂိုဒေါင်ဟောင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုကို သက်ဆိုင်ရာက စုံစမ်းခဲ့ရာတွင် ဂိုဒေါင်ဟောင်း ရုံးခန်းတွင် တပ်ဆင်ထား
သည့် အဲကွန်းမှ အပူလွန်ကဲပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

မီးလောင်မှုကြောင့် အဲကွန်းတစ်လုံး၊ ရုံးစာရွက်စာတမ်များနှင့် ဂိုဒေါင်ဟောင်းတစ်လုံးတို့
မီးလောင်ကျွမ်းခဲ့သည်။

မီလောင်မှုနှင့်ပတ်သက်၍ ဂိုဒေါင်စောင့် တာဝန်ခံ အရာခံ ဗိုလ်စောထွန်းကို စစ်ဆေးလျက်ရှိ
ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး