ဆိပ်ကမ်းမြို့နယ် ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသည့် သင်္ဘောပေါ်မှ ရုရှားနိုင်ငံ
သားသင်္ဘောအရာရှိတစ်ဦး ရန်ကုန်မြို့အတွင်းအရက်မူးလွန်လည်ပတ်ခဲ့မှု ကို တရားရုံးက ဇန်နဝါ
ရီလ ၂၃ ရက်နေ့တွင် ဒဏ်ငွေကျပ် ၁ သိန်းတပ်ရိုက်အရေးယူခဲ့သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၂၅ အချိန်ခန့် ဆိပ်ကမ်းမြို့နယ် ဗိုလ်အောင်ကျော် ဆိပ်ကမ်း
တွင် ဆိပ်ကပ်ခဲ့သည့် MR-LANGE LAND သင်္ဘောမှ အိုစီအဆင့်ရှိ ရုရှားနိုင်ငံသားသင်္ဘောသား
MR .FILONOV DRYTRY သည် မိမိဌာမှထုတ်ပေးသည့် လက်မှတ်ဖြင့်ကမ်းဆင်းလည်ပတ်ခဲ့ပြီး
နောက် အရက်မူးကာ သင်္ဘောပေါ်သို့ပြန်လည်အိပ်စက်ခြင်းမရှိဘဲ ဇန်နဝါရီလ ၂၁ ရက်နေ့ညတွင်
အမ်ဂျီအမ်ဟိုတယ်တွင် ညအိပ်ခဲ့ပြီး နောက်တစ်နေ့ညတွင် သင်္ဘောပေါ်သို့ပြန်လာစဉ် ဗိုလ်အောင်
ကျော်လမ်းထိပ်၌ ရဲတပ်ဖွဲ့ဝင်များကတွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်းသင်္ဘောသားသည် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝန်မှုကြီးကြပ်ရေးမှ လတ်တလောပြဌာန်းထား
သည့် အက်ဥပဒေပုဒ်မ ၄(၂) အားဖောက်ဖျက်ကျူးလွန်ခဲ့ သဖြင့် အရေးယူပေးရန် လူဝင်မှုကြီးကြပ်
ရေးမှူး (ရေ/လေ )ကြီးကြပ်ရေးဌာနစုမှ တာဝန်ရှိသူက တိုင်ကြားခဲ့သည်။
ဆိပ်ကမ်းရဲစခန်းက(ပ)၁၆/၁၄ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးလတ်တလောပြဌာန်းချက်
အက်ဥပဒေပုဒ်မ ၁၃(၁) အရ အမှုဖွင့်ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ တွင် ဆိပ်ကမ်းမြို့
နယ်တရားရုံးသို့တရားစွဲဆိုတင်ပို့ခဲ့ပြိး တရားရုံးက ရာကြီးအမှတ်(၁၆/၁၄) ဖြင့်လက်ခံစစ်ဆေးခဲ့ပြီး
ဒဏ်ငွေကျပ် တစ်သိန်း ပေးဆောင်စေရန်နှင့်မဆောင်ပါက ထောင်တစ်နှစ်ကျခံစေရန်အမိန်ချမှတ်
ခဲ့သဖြင့် ဒဏ်ငွေကျပ် တစ်သိန်းကို ပေးဆောင်ခဲ့ကြောင်းသိရသည်။ ၎င်းသည် နေရပ်သို့ ဇန်နဝါရီလ
၂၄ ရက်နေ့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
















