ရန်ကုန် မြို့နယ်နှစ်မြို့နယ်၌ ဇန်နဝါရီလ ၂၈ ရက်နေ့ တစ်ညအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး
ကျပ်သိန်း ၁၄၀ ကျော်ဖိုးခန့် ဆုံးရှုံးခဲ့သည်။
အဆိုပါနေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သီတာရပ်ကွက် ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေး
ဟောင်း တတိယထပ်ရှိ ဆင်းမား ပရိဘောဂ စက်ရုံတွင် လေစုပ်ပန်ကာမော်တာ အပူလွန်ကဲကာ
မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုကို မီးသတ်ယာဉ် ၂၅ စီး၊ အုပ်ချုပ်မှုယာဉ် ခုနစ်စီး၊ အထောက်ကူပြုယာဉ် ခုနစ်စီးတို့က
၀ုိင်းဝန်းငြိှမ်းသတ်ခဲ့ပြီး ည ၁ နာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ကျပ် ၁၂၁ သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်။
ထိုနေ့ ည ၉ နာရီမိနစ် ၂၀ အချိန်ခန့်ကလည်း ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ ရွှေဂုံတိုင် အက်စ်ဆဲလ်
တာဝါ၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။
အခန်းအမှတ် (၆၀၆) ရှိ Treasure Beauty Saloon အခန်းအတွင်း အသုံးပြုသည့် အင်ဗာတာ
အပူလွန်ကဲကာ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကို မီးသတ်ယာဉ် ၁၉ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ဖြင့် မီးငြိှမ်းသတ်ခဲ့ရာ ည ၉ နာရီ
၄၂ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ကျပ် ၁,၉၂၀,၀၀၀ ဖိုး ဆုံးရှုံးခဲ့သည်။
ထို့ပြင် အဆိုပါနေ့ နံနက် ရ နာရီ မိနစ် ၅၀ အချိန်ခန့်ကလည်း ခရီးသည် ၆၅ ဦးတင်ဆောင်ပြီး
ရန်ကုန်-ဟဲဟိုး-မန္တလေး သို့ထွက်ခွာမည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ လေယာဉ်ဘီး
အပူလွန်ကဲကာ လေယာဉ်ပြေးလမ်းပေါ်၌ ဘီးများ မီးလောင်ခဲ့သည်။

















