ရန်ကုန်မြို့ ရှေ့ဆောင်အဆင့်မြင့်ရုပ်ရှင်ရုံ အဆောက်အအုံအတွင်း အသေးစားမီနီ ရုပ်ရှင်ရုံ တစ်ခုကို
ဇန်နဝါရီလ ၃၁ ရက်နေ့က ထပ်မံတိုး ချဲ့ဖွင့်လှစ်ပြသနေပြီဖြစ်တယ်လို့ မင်္ဂလာကုမ္ပဏီမှ မန်နေဂျာ
ဦးစောဝင်းက ပြောပါတယ်။
"ရုံအသစ်အနေနဲ့ စမ်းပြီးတော့ လုပ်ကြည့်တာပါ။ ရုပ်ရှင်လာကြည့်တဲ့သူတွေလည်း ကြည့်ချင်တဲ့
ဇာတ်လမ်းကို ရွေးချယ်ကြည့်လို့ ရသွားတာပေါ့"လို့ သူကပြောပြပါတယ်။
ရုံ (၁) လို့သတ်မှတ်ထားတဲ့ ရှေ့ဆောင်ရုပ်ရှင် ရုံဟောင်းတွင် လူ ၅၀၀ မှ ၆၀၀ အတွင်းတစ်ပြိုင်နက်
တည်း ကြည့်ရှုနိုင်ပြီး အသစ်ထပ်မံ ဖွင့်လှစ်လိုက်တဲ့ရုပ်ရှင်ရုံကို ရုံ (၂) အဖြစ် သတ်မှတ်ထားကာ
လူ ၆၄ ဦးခန့်ကြည့်ရှုနိုင်ပါတယ်လို့ သူကပြောပြပါတယ်။
ရုပ်ရှင်ရုံအတွင်းပြင်ဆင်ထားမှုများမှာလည်း ရုံကြီးအတိုင်းဖြစ်ပြီး ပြသသည့် ပွဲချိန်များလည်း
အတူတူဖြစ်ကြောင်း သူက ပြောပြပါတယ်။
"မီနီရုပ်ရှင်ရုံအသစ်မှာ အဓိကထားပြီး ပြသမှာကတော့သရီးဒီနဲ့ တူးဒီနိုင်ငံခြားဇာတ်လမ်းတွေကိုပဲ
ပြမှာပါ။ ပြသတဲ့ ဇာတ်ကားအတို အရှည်အပေါ်မူတည်ပြီး အချိန်အပြောင်းအလဲတော့ ရှိပါတယ်။
နောက်ပိုင်းတော့ အကုန်အတူတူဖြစ်သွားမှာပါ" လို့ ဦးစောဝင်းက ပြောပါတယ်။
















