ယာဉ်ထိန်းရဲများ လက်ကိုင်တုတ် ကိုင်ပြီ

ယာဉ်ထိန်းရဲများ လက်ကိုင်တုတ် ကိုင်ပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း တားမြစ်ထားသောနယ်မြေများတွင် ဆိုင်ကယ်စီးနင်းသူများကို
ဖမ်းဆီးရာ၌ မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက် ယာဉ်ထိမ်းရဲများအား ဇန်နဝါရီလ နောက်ဆုံးပတ်
မှ စတင်ကာ လက်ကိုင်တုတ် အသုံးပြုခွင့်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်မစီးရနယ်မြေမှာ ဆိုင်ကယ်စီးတဲ့သူတွေကို ဥပဒေအရ ထိထိရောက်ရောက်ကိုအရေးယူ
မှာပါ။ ဖမ်းတော့ မချေမငံဆက်ဆံခံရပြီး ဖမ်းတဲ့သူကိုပြန်ပြီး အန္တရာယ်ပြုတဲ့အထိဖြစ်လာလို့ အခုလို
လုပ်လိုက်တာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုရဲမှူးကြီး
လင်းထွဋ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တိုင်းတွင် စည်းကမ်းမဲ့မောင်းနှင်သော ဆိုင်ကယ်များကိုဖမ်းဆီးရန်
အတွက် တပ်ဖွဲ့စုတစ်စုစီ ထားရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲ၊ ယာဉ်ထိန်းရဲနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါ၀င်ပြီး လက်ရှိတွင် ယာဉ်ထိန်းရဲများအတွက် လက်ကိုင်တုတ်
၂၀၀ အသုံးပြုရန် ခွင့်ပြုပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၃၁ မြို့နယ်ကို မော်တော်ဆိုင်ကယ်မစီးရ နယ်မြေအဖြစ် သတ်မှတ်
ထားသော်လည်း အချို့မှာ စည်းကမ်း လိုက်နာမှုမရှိဘဲ ယာဉ်ကြောရှုပ်ထွေးသည့် နေရာများ၌ပင်
စီးနင်းခြင်းများ ရှိလာသည်။

ထို့ကြောင့် ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးမှုများ ပြုလုပ်သည့်အခါတွင် အသက်အန္တရာယ် စိုးရိမ်ရသည်
အထိ ပြန်လည်ရန်ပြုမှုများကြောင့် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"နံပါတ်တုတ်ဆောင်တယ်ဆိုတာလည်း သူများကို တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ ကိုယ့် အသက်
အန္တရာယ် စိုးရိမ်လောက်တဲ့အထိဖြစ်လာတဲ့အခါ ကာကွယ်ဖို့ပါ။ ဆင်ခြေဖုံးတွေဖြစ်တဲ့ အင်းစိန်တို့၊
လှိုင်သာယာတို့ဘက်မှာ ဆိုင်ကယ်ဖမ်းဆီးမှုတွေ လုပ်တဲ့အခါ လက်နက်ကိုင်ဆောင်ပြီး အသက်
အန္တရာယ်အထိ ရန်ပြုတာလေးတွေ ကြံုရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက်ကတော့
ရဲတပ်ဖွဲ့မှာ နဂိုကတည်းက ကိုင်ဆောင်ခွင့်ပြုထားပြီးသားပါ။ ယာဉ်ထိန်း ရဲအတွက်ကတော့
နည်းနည်းအမြင်ဆန်းနေတာပေါ့။ ပူးပေါင်းဖမ်းဆီးရေးနဲ့ စစ်ဆေးရေး အဖွဲ့တွေက အများဆုံးကြံုရ
တော့သူတို့ကို အဓိကထားပြီး ပေးထားတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲ
တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအုပ်ဇော်မျိုးထွန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး