အရေးပေါ်ဌာနများတွင် အထူးကုဆရာဝန်များ ပြောင်းလဲတာဝန်ချထား

အရေးပေါ်ဌာနများတွင် အထူးကုဆရာဝန်များ ပြောင်းလဲတာဝန်ချထား

ရန်ကုန်ဆေးရုံကြီး၊ မန္တလေးဆေးရုံကြီးနှင့် နေပြည်တော်ဆေးရုံကြီးများ၏ အရေးပေါ်ဌာနများတွင်
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ဆရာဝန်ငယ်များအစား အထူးကုဆရာဝန်များကို ပြောင်းလဲ
တာဝန်ချပေးထားကြောင်း ရန်ကုန်ဆေးရုံကြီးမှ အရိုးရောဂါ အထူးကု ဆရာဝန်ကြီး ပါမ္ခောက
ဇော်ဝေစိုး ကပြောသည်။

"အရင်တုန်းက အရေးပေါ်ဌာနတွေမှာ တာဝန်ချထားပေးတဲ့ ဆရာဝန်တွေကတော့ အတွေအကြံု
အနုဆုံး ဆရာဝန်လေးတွေ ချထားပေခဲ့မယ့် အခုတော့ အဲ့ဒီနေရာမှာ အရေးပေါ်အထူးကုဆရာဝန်
တွေကို ပြောင်းလဲ တာဝန်ချထားပေးပါတယ်" ဟု ၎င်းက ဇန်နဝါရီလ ၃၁ ရက်နေ့က ရန်ကုန်မြို့
အမျိုးသားကျန်းမာရေး ပြတိုက်တွင် ကျင်းပခဲ့သည် အရေးပေါ် ကျန်းမာရေးစောက်ရှောက်မှုဆိုင်ရာ
ဟောပြောပွဲတွင် ပြောသည်။

ဩစတေးလျနိုင်ငံက သင်ကြားပေးထားသည့် အရေးပေါ်အထူးကုဆရာဝန် ၁၈ ဦးအနက် ၁၀ ဦးကို
အရေးပေါ်ဌာန သုံးခုတွင် နေရာချထားပေးပြီး ကျန်ဆရာဝန်များကို သင်ကြားရေးအတွက် ပြန်လည်
တာဝန်ပေးထားကြောင်း ၎င်းကပြောသည်။

"အရေးပေါ် အထူးကုဆရာဝန်တွေက အရေးပေါ်ဖြစ်လာတဲ့ လူနာတွေကို ကုသတတ်အောင် အထူး
လေ့ကျင့် သင်ကြားထားတဲ့ ဆရာဝန်တွေဖြစ်ပါတယ်" ဟု ပါမောက္ခ ဇော်ဝေစိုးပြောသည်။

မြန်မာနိုင်တွင် လက်ရှိဥပဒေအရ အရေးပေါ် ထိခိုက်ဒဏ်ရာရသူများကို ပုဂ္ဂလိကဆေးရုံများက
ကုသပေးနိုင်ခြင်းမရှိဘဲ အစိုးရဆေးရုံ များတွင်သာ ကုသနိုင်သည်။

ကျန်မာရေးဝန်ကြီးဌာန၏ တရားဝင်ထုတ် ပြန်ချက်အရ အရေးပေါ်ထိခိုက်ဒဏ်ရာကြောင့် ဆေးရုံ
တက်ရောက်ရသည့် လူနာများမှာ အများဆုံးဖြစ်ပြီး သေဆုံးနှုန်းများလည်း တစ်ဖြည်းဖြည်း
မြင့်တက်လာသဖြင် လတ်တလောတွင် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး ကျန်းမာရေး အခြေအနေ
ထဲတွင် ပါ၀င်လျက်ရှိနေသည်။

သို့သော်ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ထိခိုက်ဒဏ်ရာကြောင့် သေဆုံးနှုန်းကို
တရာဝင်ထုတ်ပြန်နိုင်ခြင်း မရှိသေးချေ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ် ဆေးကုသမှု
ဆေးပညာဌာနများကို အဆင့်မြင့်တင်နိုင်ရေးအတွက် အရေးပေါ်ကုသမှုဆေးပညာရပ်ကို တိုးချဲ့ရန်
ကြိုးစားလျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ဆေးတက္ကသိုလ်များ၌ တစ်နှစ်လျှင် အရေးပေါ် အထူးကု
ဆရာဝန် အယောက် ၃၀ မွေးထုတ်ရန်၊ အရေးပေါ် အထူးပြုစုသူနာပြုများကို သူနာပြုတက္ကသိုလ်က
မွေးထုတ်ပေးရန်နှင့် ကြက်ခြေနီများကိုလည်း အရေးပေါ် သူနာပြုယာဉ်တွင် လိုက်ပါနိုင်ရန်
အချိန်ပိုင်းလေ့ကျင့်သင်ကြားပေးရေး စီစဉ်ထားကြောင်း ပါမောက္ခဇော်ဝေစိုးက ပြောသည်။

"ဒါကြောင့် အရေးပေါ် အခြေအနေမှာ အသက်ဆုံးရှုံးရတာတွေကို ယခုထက်ပိုပြီး နည်းလာလိမ့်မယ်
လို့ထင်ပါတယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး